Healthy Life Ad
Health Tips

ထိပ်ပြောင်ခြင်းနှင့် ပတ်သက်သော အယူအဆများ

ဇွန်

(၁) ထိပ်ပြောင်တာက မိခင်ဘက်က မျိုးရိုးလိုက်တာပဲ ဖြစ်ပါတယ်။

မဟုတ်ပါဘူး။ ပင်မထိပ်ပြာင်တာက မိခင်ဆီကရတဲ့ ခရိုမိုဇုန်း X ကြောင့်ဖြစ်ပေမယ့် တခြားအကြောင်းအချက်တွေကြောင့် ဆံပင်ကျွတ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ထိပ်ပြောင်တဲ့ဖခင်ကမွေးတဲ့ အမျိုးသားတွေဟာ ဖခင်ထိပ်မပြောင်သူတွေထက် ပိုထိပ်ပြောင်စေနိုင်ကြောင်း သိရပါတယ်။

(၂) ထိပ်ပြောင်တာက အသက်ကြီးမှပဲဖြစ်တယ်။

မမှန်ပါဘူး။ ဆံပင်ကျွတ်တာက အသက်၂၀- ၃၀ လောက်မှာ စတင်ဖြစ်တတ်ပါတယ်။ ဆံပင်ကျွတ်တဲ့အချိန်က စောလေလေ၊ ထိပ်ပြောင်နိုင်ခြေ များလေလေပါပဲ။

(၃) လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ အမျိုးသားတွေက ထိပ်ပြောင်နိုင်ခြေ ပိုများတယ်။

မဟုတ်ပါဘူး။ ထိပ်ပြောင်တဲ့သူတွေမှာ တခြားဆံပင်ရှိတဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်း ပိုများနေတာတော့ မဟုတ်ပါဘူး။

(၄) ဦးထုပ်ဆောင်းတာက ဆံပင်ကျွတ်စေနိုင်ပါတယ်။

သင့်ဦးထုပ်ကသာ သန့်ရှင်းနေရင် ဆံပင်မကျွတ်နိုင်ပါဘူး။ ညစ်ပတ်တဲ့ဦးထုပ်တွေက ဦးရေပြားပိုးဝင်ကူးစက်တာကို ဖြစ်စေနိုင်ပြီး ဆံပင်ကျွတ်နှုန်း များစေပါတယ်။

(၅) ဆံပင်လိမ်းဆေး စပရေးနဲ့ လိမ်းဆေးအဆီတွေက ထိပ်ပြောင်စေနိုင်ပါတယ်။

ဆံပင်လိမ်းပစ္စည်းတွေနဲ့ ရှမ်ပူတွေကြောင့် ထိပ်ပြောင်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ မကြာခဏ ခေါင်းလျှော်တာကြောင့်လည်း ထိပ်မပြောင်စေနိုင်ပါ။

(၆) နေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့် ထိပ်ပြောင်စေနိုင်တယ်။

မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ထွက်မယ်ဆိုရင် ဆံကေသာကို နေရောင်ကာနိုင်တဲ့ ဆံပင်လိမ်းပစ္စည်း လိမ်းပေးတာက ဆံပင်သားပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ကာဗိုဟိုက်ဒရိတ်များတဲ့ အစာတွေစားတာက ဆံပင်ကျွတ်စေနိုင်တယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်အစာမှာ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး အဲဒီဗီတာမင်တွေက ဆံပင်သားကျန်းမာရေးအတွက် အရေးပါ နေတာကြောင့် မှားယွင်းတဲ့ အယူအဆပါ။

Most Popular

Healthy Life Ad
To Top