Healthy Life Ad
Health Tips

အစာအိမ်ရောင်ရမ်းနေချိန် လိုက်နာသင့်သည့် သဘာဝအိမ်တွင်းကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အစာအိမ်ရောင်ရမ်းတယ်ဆိုတာ အစာအိမ်နံရံရောင်ရမ်းပြီး မသက်မသာဖြစ်တဲ့ အခြေအနေကို ဆို လိုပါတယ်။ အစာအိမ်ရောင်ရမ်းတာက အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်လေ့ရှိသလို အရက်ကိုအလွန်အမင်း သောက်သုံးတာ၊ အကိုက်အခဲပျောက်ဆေးတချို့ကို အလွန်အကျွံ မှီဝဲတာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစာအိမ်ရောင်ရမ်းတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက ညဘက်မှာ ဗိုက်နာတာ၊ ရင်ပူတာ၊ အစာစားချင်စိတ်မရှိတာ၊ လေပွတာ၊ ဝမ်းဗိုက်အပေါ်ပိုင်း ရင်ပြည့်သလို ခံစားရတာ၊ အစာမကြေတာနဲ့ ဝမ်းမည်းမည်းသွားတာတို့ ဖြစ်တတ်ပါတယ်။

အရက်အလွန်အမင်းသောက်သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ HIV/AIDS ရောဂါရှိသူတွေနဲ့ သန်ကောင်ကူးစက်ခံရသူတွေဟာ အစာအိမ်ရောင်ရမ်းနိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုများနေသူနဲ့ ဖန်းဂတ်စ်မှို ဒါမှမဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကလည်း အစာအိမ်ရောင်ရမ်းနိုင်ခြေများပါတယ်။ အစာအိမ်ရောင်ရမ်းတဲ့ဝေဒနာကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေ ရှိပါတယ်။

(၁) ချင်း (ဂျင်း)

ချင်းမှာ ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်စွမ်းရှိတာကြောင့် အစာအိမ်ရောင်ရမ်းနာကို သက်သာစေပါတယ်။ ကူးစက်ပိုးတွေကို ကုသနိုင်ပြီး ရောင်ရမ်းမှု လျော့ကျစေတဲ့အပြင် လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အစာမကြေတာ၊ ဗိုက်အောင့်တာနဲ့ လေပွတာတို့ကို သက်သာစေပါတယ်။ ချင်း(ဂျင်း) တက်အနည်းငယ်ကို ညက်အောင်ထောင်းပြီး ရေတစ်ခွက်ထဲထည့်ပြုတ်ပါ။ ပြီးရင် ပျားရည်အနည်းငယ်ထည့်ပြီး တစ်နေ့မှာ နှစ်ကြိမ်- သုံးကြိမ်ခန့် သောက်သင့်ပါတယ်။

(၂) ဒိန်ချဉ်

ဒိန်ချဉ်မှာ ပါတဲ့ အကျိူးပြုဘက်တီးရီးယားက Hpylori ပိုးအန္တရာယ်မကျရောက်အောင် အစာ အိမ်နံရံကို ကာကွယ်ပေးတဲ့အတွက် အစာအိမ်ရောင်ရမ်းနာ မဖြစ်စေပါဘူး။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်ကို နေ့စဉ်သောက်ပေးတာကြောင့် အစာအိမ်ဝေဒနာ သက်သာစေပါတယ်။

(၃) စမုန်စပါးစေ့

စမုန်စပါးစေ့မှာ အစာအိမ်အူလမ်းကြောင်းစနစ်ကို အားဖြည့်ပေးတဲ့အတွက် အစာအိမ်ရောင်ရမ်းနာ ကုသရာမှာ အသုံးဝင်ပါတယ်။ လေပွတာ၊ ရင်ပူတာ၊ အစာမကြေတာ၊ လေထတာနဲ့ အန်တာစတဲ့ အစာ အိမ်အူလမ်းကြောင်း ဝေဒနာတွေ သက်သာစေဖို့ စမုံစပါးကို ဒီနည်းအတိုင်းသုံးပါ။ ရေနွေးပူပူတစ်ခွက်ထဲ စမုန်စပါးလက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်ပြီး အဖုံးဖုံးကာ ၁၀မိနစ်လောက်ထားပါ။ ပြီးရင် ပျားရည် ထည့်ကာ တစ်နေ့သုံးကြိမ်လောက် သောက်သင့်ပါတယ်။ စမုန်စပါးစေ့ကို ကြိတ်ဝါးပေးနိုင်ပါတယ်။

(၄) စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အစာအိမ်ရောင်ရမ်းနာကုသရာမှာ အသုံး ဝင်ပါတယ်။ ဒါ့အပြင် အစာအိမ်နံရံရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီကိုပုံမှန်စားသုံးသူတွေက အစာအိမ်နံရံပေါ်မှာ အယ်လ်ကိုဟောရဲ့ သက်ရောက်မှုကို လျော့ကျစေတယ်လို့ ဥရောပလေ့လာသူတွေက ဆိုပါတယ်။

(၅) ပူဒီနာ(ပူစီနံ)ရွက်

ပူဒီနာ(ပူစီနံ)ရွက်ရဲ့ ဘက်တီးရီးယားဆန့်ကျင်ပြီး ရောင်ရမ်းမှုဟန့်တားတဲ့ အစွမ်းသတ္တိကြောင့် အ စာအိမ်ရောင်ရမ်းမှုကို ကုသရာမှာ အသုံးဝင်ပါတယ်။ ပူစီနံရဲ့ အနာကျက်စေတဲ့ အာနိသင်က အစာအိမ်နံရံရောင်ရမ်းမှုကို သက်သာစေပြီး တစ်ချိန်တည်းမှာ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာနဲ့ ရင်ပူတာတို့ကို သက်သာစေပါတယ်။ ပူစီနံရွက်ကို ဟင်းရွက်သုပ်၊ ဟင်းချိုတွေထဲ ထည့်စားနိုင်ပါတယ်။
(Ref;HD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top