Healthy Life Ad
Health Tips

အင်တီအောက်ဆီးဒင့် လူတင်ပါဝင်မှုအများဆုံး အစာများနှင့် ကောင်းကျိုးများ

၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊

လူတင်ဆိုတာ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို လှပတဲ့ အရောင်အဆင်းတွေ ပေးစွမ်းပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အရောင်တွေကို ကြည့်ပြီး လူတင်ဓာတ်က ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ ပြောနိုင်ပါတယ်။

လူတင်ဓာတ်ပါဝင်မှုများသော အစာများ
ကိုက်လန်၊ မုန်ညင်းနဲ့ ဟင်းနုနယ်ရွက်တို့လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊
မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ဆလတ်ရွက်တို့လို အရောင်တောက်ပတဲ့ ဟင်းသီးဟင်းရွက်တွေ၊
သင်္ဘောသီး၊ လိမ္မော်သီးနဲ့ချယ်ရီသီးတို့လို လိမ္မော်ရောင်၊ အနီရောင်နဲ့ခရမ်းရောင် သစ်သီးဝလံတွေမှာ လူတင်ဓာတ်ပါဝင်မှုများပါတယ်။

ကောင်းကျိုးများ
အသက်ကြီးတာကြောင့်ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပါတယ်။လူတင်ဓာတ်ဟာ မျက်စိအာရုံခံလွှာရှိ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ မက်ကူလာမှာ သင့်တော်တဲ့ပမာဏ ရှိနေဖို့လိုပါတယ်။ လူတင်အလုံအလောက်မရှိရင် မက်ကူလာယိုယွင်းပြီး အမြင်အာရုံ ဆုံးရှုံးစေနိုင်ပါတယ်။

အတွင်းတိမ်ဖြစ်နှုန်းကို လျော့ကျစေပါတယ်
လူတင်ဓာတ်က အတွင်းတိမ်မဖြစ်အောင် ကာကွယ်ဟန့်တားနိုင်ပါတယ်။ အတွင်းတိမ်ဆိုတာ အသက်ကြီးလို့သာမက မျက်စိထိခိုက်ဒဏ်ရာရတာ၊ ဆီးချိုရောဂါမထိန်းနိုင်တာ၊ ကော်တီစော ပါတဲ့ ဆေးဝါးတွေကို အသုံးလွန်တာနဲ့ တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေ့လာမှုများစွာအရ လူတင်ဓာတ်ပမာဏများများရှိသူတွေမှာ အတွင်းတိမ်ရောဂါဖြစ်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။

အသားအရေနုပျိုစေပါတယ်
အင်တီအောက်ဆီးဒင့် လူတင်ဟာ အရေပြားဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကနေ မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ လူတင်ဓာတ်က

နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်
လူတင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေတဲ့အပြင် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်ရဲ့ အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် နှလုံးသွေးကြောကျဉ်းတာကိုလည်း မဖြစ်စေပါဘူး။

ဦးနှောက်ကျန်းမာစေပါတယ်
လူတင်ဓာတ်က ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top