Healthy Life Ad
Life Style

ခရီးက ပြန်လာတိုင်း ပြုလုပ်သင့်သည့် သဘာဝ အသားအရေထိန်းနည်း

၊ လရိပ်မေ ၊

အလှအပဆိုင်ရာ လျှို့ဝှက်ချက်က သင့်အိမ်က မီးဖိုချောင်ထဲမှာ ရှိတယ်ဆိုတာ သိပါသလား။ ခရီးကပြန်လာချိန်မှာ အသားအရေတွေ ပျက်စီးနွမ်းနယ်နေရင် ဒီလိုသဘာဝပစ္စည်းတွေကို သုံးပြီး အသားအရေထိန်းသိမ်းပြုပြင်မှုတွေကို လုပ်သင့်ပါတယ်။

(၁) သခွားသီးကပ်ခြင်း
ခရီးကပြန်လာလို့ ပင်ပန်းနေချိန်မှာ မျက်ကွင်းညိုပြီး မျက်လုံးတွေညောင်းညာနေရင် သက်သာစေဖို့ သခွားသီးကိုပါးပါးလှီးပြီး မျက်ဝန်းတွေပေါ်ကပ်ထားပေးပါ။ မျက်လုံးတွေပေါ်မှာ သခွားသီးပါးပါးကပ်ပေးတာက မျက်ဝန်းတွေကို အေးမြစေပြီး လန်းဆန်းမှုကို ရရှိစေပါတယ်။သခွားသီးနဲ့ သံပုရာရည်တို့ကို ရောမွှေပြီး မျက်နှာအရေပြားပေါ် လိမ်းပေးတာကလည်း မျက်နှာပေါ်က အမည်းစက်တွေနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

(၂) ပျားရည်နှင့် သံပုရာရည်ရောလိမ်းခြင်း
ပျားရည်ထဲကို သံပုရာရည်အစက် အနည်းငယ်ထည့်ပြီး အဲဒီအရောအနှောကို မျက်နှာပြင်ပေါ်လိမ်းပေးတာက အရေပြားကို ကြေးချွတ်ပေးသလို ဖြစ်စေပါတယ်။

(၃) ဒိန်ချဉ်လိမ်းခြင်း
မျက်နှာပေါ်မှာ ဒိန်ချဉ်လိမ်းပေးတာက မျက်နှာအသားအရေကို နူးညံ့ချောမွေ့ပြီး ပျော့ပျောင်းစေပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို အသားအရေခြောက်သွေ့သူတွေက အစိုဓာတ်ထိန်းပစ္စည်း အနေနဲ့ အသုံးပြုကြတာပါ။

(၄) ခရမ်းချဉ်သီးအနှစ်ဖြင့် သန့်စင်ခြင်း
ခရမ်းချဉ်သီးအနှစ်ကို အသားအရေသန့်စင်ပေးတဲ့ ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည်ကို ပျားရည်နဲ့ ရောမွှေပြီး မျက်နှာပြင်ပေါ်မှာလိမ်းပေးပါ။ အချိန် ၁၀-၁၅မိနစ် ကြာမှ မျက်နှာကိုရေနဲ့ဆေးကြောချလိုက်ပါ။ ခရမ်းချဉ်သီး အနှစ်ရည်က အဆီပြန်တဲ့အသားအရေနဲ့ ဆားဝက်ခြံအမည်းတွေရှိနေတဲ့ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

(၅) သင်္ဘောသီးဖြင့် ပေါင်းတင်ခြင်း
သင်္ဘောသီးကို အလွှာပါးလေးတွေ လှီးကာ မျက်နှာပြင်ပေါ်ကပ်ပေးထားပါ။ အရေပြားအိုမင်းတဲ့ လက္ခဏာတွေကိုသက်သာလျော့ပါးစေပါတယ်။

(၆) နို့ရည်ဖြင့် သန့်စင်ခြင်း
နို့ရည်က အသားအရေကိုတင်းရင်းစေတဲ့ အကောင်းဆုံးသန့်စင်ဆေးရည် ဖြစ်ပါတယ်။ နို့ရည်ကို အသားအရေသန့်စင်ပေးတဲ့အရာအဖြစ် ကောင်းကောင်းအသုံးပြုနိုင်ပြီး အရေပြားစပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top