Healthy Life Ad
Q & A

သုံးလလောက် ရာသီမလာပါ . . .

မေး။ ။ အပျိုပါရှင့်။ အလိုလိုနေရင်း ရာသီမလာလို့ပါ။ ပြောရရင် သုံးလလောက်ရှိနေပါပြီ။
နှင်းဖွေး (FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ရာသီခွင်တစ်ခုဟာ ပုံမှန်အားဖြင့် လစဉ်လစဉ် ၂၈ ရက်မှာ တစ်ခါ ရာသီလာလေ့ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူ ပါဘူး။ ၂၁ရက် – ၃၅ ရက်ကြားဆိုရင် ဒီရာသီခွင်က ပုံမှန်ပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ဆိုရင် ၃လကြာတဲ့အထိ ရာသီမလာတာ၊ တစ်နှစ်နေမှ တစ်ခါ ရာသီလာတာစတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် ဒီဓမ္မတာက ပုံမှန် မဟုတ်တော့ဘူး၊ အမှားအယွင်း ရှိနေပြီလို့ ပြောလို့ရပါတယ်။ နီးစပ်ရာ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top