Healthy Life Ad
International

ကြောင်ချေးတွင်ပါသည့် ကပ်ပါးပိုးက အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နှင့် ကင်ဆာရောဂါတောင် ဖြစ်ပွားစေနိုင်ဖွယ်ရှိဟုဆို

၊ မိုးမင်းထွန်း ၊

ကြောင်ချေးမှာ အများဆုံးတွေ့ရတဲ့ ကပ်ပါးပိုးက အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ ကင်ဆာတောင် ဖြစ်ပွားစေနိုင်ဖွယ်ရှိကြောင်း သုတေသနအသစ်က ဆိုပါတယ်။ ကြောင်တွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး သယ်ဆောင်တဲ့ Toxoplasma gondii အမည်ရ ပိုးမွှားက ကင်ဆာနဲ့ဆက်စပ်တဲ့ မျိုးဗီဇ ၁၀ဝ၀ ကျော်ရဲ့ဗီဇပြောင်းလဲမှုကို ဖြစ်စေနိုင်ဖွယ်ရှိကြောင်း သုတေသီတွေက ပြောပါတယ်။ လူကို ကူးစက်တဲ့အခါ ပိုးမွှားမှာပါဝင်တဲ့ ပရိုတိန်းက ဦးနှောက်ဆဲလ်တွေကြားဆက်သွယ်မှုကို ပြောင်းလဲစေကာ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နဲ့အတက်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေတတ်ကြောင်း သိရပါတယ်။

သုတေသီတွေက ၁၉၈၁ ခုနှစ်ကတည်းက ဒီပိုးမွှားနဲ့ ဆက်စပ်တဲ့ရောဂါဖြစ်ပွားတဲ့ မွေးကင်းစကလေး ၂၄၆ ယောက်ကို စူးစမ်းခဲ့တာဖြစ်ပါတယ်။ လေ့လာမှုက အမြင်ပြောင်းစေတဲ့ တွေ့ရှိမှုမျိုးလို့ ဦးဆောင်သုတေသီ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်၊ တက်ဖ်စ်တက္ကသိုလ်မှ ဒေါက်တာဒန်းနစ်စ် စတိန်ဒလာက ပြောဆိုပါတယ်။

သေချာစေဖို့ နောက်ထပ်လေ့လာစရာတွေရှိသေးပြီး ယခုအချိန်အထိတော့ ကလေးပျက်ကျတာ၊ ကလေးအသေမွေးတာ၊ ကလေးဖွံ့ဖြိုးမှု ထိခိုက်တာတွေမဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကိုသာ ကြောင်ချေးနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ဖို့ အကြံပေးထားကြောင်း သိရပါတယ်။ ဒီတွေ့ရှိမှုတွေကို Nature ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top