Healthy Life Ad
Q & A

အမျိုးသမီးကွန်ဒုံးဆိုတာ . . .

မေး။ ။ အမျိုးသမီးကွန်ဒုံးဆိုတာ ဘယ်လိုသုံးရလဲဆိုတာ ပြောပြပါဆရာ။
အမည်မဖော်လိုသူတစ်ဦး

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အမျိုးသားကွန်ဒုံးဆိုတာ သိပြီးသား ဖြစ်မှာပါ။ အမျိုးသမီးကွန်ဒုံးကျတော့ ပိုကြီးတယ်၊ ပိုထူတယ်။ သူ့မှာကွင်းတစ်ကွင်းရယ်၊ အောက်မှာကွင်းတစ်ကွင်းရယ်ရှိပါတယ်။ အမျိုးသမီးကွန်ဒုံးကို အတူတူမနေ ခင်စောပြီး ကြိုထည့်ထားလို့ရတယ်။ ထည့်ရင် အပေါ်ကကွင်းကိုကိုင်ပြီး မိန်းမအင်္ဂါထဲကို ထည့်လိုက်ရ တယ်။ အထဲအထိရောက်အောင်ထည့်ပြီးရင် အပြင်က အဝိုင်းလေးက မိန်းမကိုယ်မှာ အသာလေးကပ် ထားရပါတယ်။ လိုအပ်ရင် ချောဆီထည့်လို့ရပါတယ်။

ထည့်ပြီးပြီဆိုရင် အတူတူနေလို့ရပါပြီ။ အတူတူနေတဲ့အခါ အရေးကြီးတာက ကွင်းထဲကို ဝင်ဖို့လိုပါတယ်။ ပြီးသွားပြီဆိုရင် ချက်ချင်းမြန်မြန်ကြီး ထုတ်စရာမလိုပါဘူး။ လှည့်ပြီး ထုတ်ရင်ရပါတယ်။ အမျိုးသမီး ကွန်ဒုံးဘာလို့ပေါ်လာသလဲဆိုတော့ အမျိုးသမီးက အမျိုးသားဆီက ရောဂါတွေ ကူးမှာကြောက်တယ်။ အမျိုးသားကိုလည်း ပြောလို့မရဘူးဆိုပါတော့။ သူမသုံးချင်ဘူး၊ အရက်မူးနေတယ် စသဖြင့် ဖြစ်နေရင် ကိုယ့်တာဝန်ကိုယ့်ဘာသာယူရတော့မယ်။ ဒီအတွက် ပေါ်လာတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top