Healthy Life Ad
Health Tips

သွေးအားနည်းခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်ကနေ သွေးနီဥနည်းပါးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေ အနေမှာဖျော့တော့တာ၊ မူးဝေတာ၊ အသက်ရှူမဝတာ၊ နုံးချည့်တာ၊ ရင်ဘတ်အောင့်တာနဲ့ ခေါင်းကိုက်တာ တို့ကိုခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်ထဲက လုပ်ငန်းဆောင်တာတွေ ပုံမှန် လုပ်ဆောင်နိုင်ဖို့ သံဓာတ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဟေမိုဂလိုဘင်ဓာတ်က တစ်ကိုယ်လုံး အောက်ဆီဂျင် လှည့်ပတ်ပေးနေမယ့် သွေးနီဥပေါ်မှာ မူတည်နေပါတယ်။ သွေးအားနည်းတဲ့အခါ မှီဝဲပေးသင့်တဲ့ အရာတွေရှိပါတယ်။

သဘာဝဆေး (၁)
ဗီတာမင် B12 နှင့် သဖန်းသီး

သွေးအားနည်းရောဂါရှိရင် ဗီတာမင် B12ကို နေ့စဉ် မှီဝဲသင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်ပျက်မှု ကောင်းစေပြီး ခန္ဓာကိုယ်လုပ်ငန်း ဆောင်တာတွေကို ကောင်းစေတဲ့ ဗီတာမင်ဖြစ်ပါတယ်။

သဖန်းသီးကို တစ်နေ့ ၃-၄ လုံး လောက်စားရင်လည်း သွေးအားနည်းရောဂါကို ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။

သဘာဝဆေး (၂)
သစ်သီးဝလံများ နှင့် ဟင်းရွက်စိမ်းများ

ဗီတာမင်စီက ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။ တစ်နေ့ အချဉ်အရသာရှိတဲ့ သစ်သီးနှစ်လုံးစားပေးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။ ဒါမှမဟုတ် ပန်းသီး နှစ်လုံး-သုံးလုံးလောက်စားပေးရင် သံဓာတ်ကို အကောင်းဆုံးရရှိစေပါတယ်။ သံဓာတ်ရရှိအောင် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစား ပေးပါ။

သဘာဝဆေး (၃)
ပျားရည်

ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရှလကာရည် လက်ဖက် ရည်ဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး သောက်ပေးရင် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

သဘာဝဆေး (၄)
ရေချိုးခြင်း

တစ်နေ့မှာ ၅-၁၀ မိနစ်ခန့် ရေချိုးတာကြောင့် သွေးအားနည်းရောဂါ ရှိသူတွေကို ထိထိရောက်ရောက် သက်သာလန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် ရေအေးချိုးပေးပါ။

သဘာဝဆေး (၅)
နှိပ်နယ်ခြင်း

လက်တွေ၊ လက်မောင်းတွေနဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးအားနည်းရောဂါ ရှိသူတွေကို ပုံမှန်နှိပ်နယ်ပေးပါ။

သတိပြုရန် –
ကဖင်းဓာတ်လျှော့ချပါ

ကဖင်းဓာတ်များများ မှီဝဲတာကို ရှောင်ပါ။ ကော်ဖီကြိုက်ရင် အသင့်အတင့်သောက်သုံးပါ။ ဒါမှမဟုတ် ကဖင်းဓာတ်ထုတ်ထားတဲ့အရာကို အစားထိုးသောက်သုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top