Healthy Life Ad
Health Tips

မှတ်ဉာဏ်မထိခိုက်အောင် ဒါတွေရှောင် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပြောင်းလဲဆီလို့ခေါ်တဲ့ Trans Fats တွေက သင့်သွေးတွင်းကိုလက်စထရောအဆင့်ကို မြင့်တက်စေပါတယ်။ လတ်တလောလေ့လာမှုအရ ပြောင်းလဲဆီတွေဟာ ဦးနှောက်အပေါ်သက်ရောက်ပြီး မှတ်ဉာဏ်ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ပြောင်းလဲဆီ (Trans Fats) ဆိုတာဘာလဲ

အခန်းအပူချိန်မှာတင် ခဲသွားတဲ့ဆီတွေပါ။ အစာတွေ သက်တမ်းကြာကြာခံစေတဲ့ဆီလည်း ဖြစ်ပါတယ်။

ပြောင်းလဲဆီပါတဲ့ အစာတွေက ဘာတွေလဲ

– ဆီကြော်စာများ – ထပ်ပြန်တလဲလဲကြော်ထားတဲ့ ဆီထဲနှစ်ပြီး ကြော်ထားတဲ့ အာလူးချောင်းကြော်တွေ၊ ကြက်ကြော်တွေ၊ ဒိုးနပ်မုန့်တွေဖြစ်ပါတယ်။

– သရေစာများ – ပြောင်းဖူးပေါက်ပေါက်၊ အဆင်သင့် အာလူးကြော်စတာတွေ ဖြစ်ပါတယ်။

– ကြာရှည်အထားခံသော အစာများ – စည်သွပ်ဘူးထဲက ဘီစကွတ်မုန့်၊ အေးခဲထားတဲ့ပီဇာ စတာတွေဖြစ်ပါတယ်။

– မာဂျရင်းထောပတ်နှင့် Creamer – မာဂျရင်းထောပတ်တွေ၊ ကော်ဖီဖျော်ရာမှာထည့်တဲ့ Creamer တွေ ဖြစ်ပါတယ်။

– မီးဖုတ်ထားသော အစာများ – ကိတ်မုန့်၊ ကွတ်ကီး၊ ခရက်ကာမုန့် စတာတွေဖြစ်ပါတယ်။

ပြောင်းလဲဆီက မှတ်ဉာဏ်ကို ဘယ်လိုထိခိုက်စေသလဲ

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက် ၄၅ နှစ်အရွယ် ကျန်းမာတဲ့ အမျိုးသား ၆၅၀ ဦးကို လေ့လာခဲ့တဲ့အခါ ပြောင်းလဲဆီပါဝင်မှုများတဲ့ အစာတွေစားတာနဲ့ မှတ်ဉာဏ်လျော့နည်းခြင်းအကြား သိသာတဲ့ ဆက်စပ်မှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ပြောင်းလဲဆီ စားနှုန်းများတဲ့ အမျိုးသားတွေက စားနှုန်းနည်းသူတွေထက် စကားလုံး ၁၂ လုံးကို ပြန်လည်မှတ်မိနိုင်စွမ်း ပိုနည်းနေတာကို တွေ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top