Healthy Life Ad
Child

ကလေးများ ကယ်လ်စီယမ်ဓာတ် ပုံမှန်ရရှိစေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတွေမှာ ပုံမှန်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကိုရရှိမှ အရိုးတွေ သန်စွမ်းကျန်းမာနေမှာဖြစ်ပါတယ်။


– နို့နှင့် နို့ထွက်ပစ္စည်း
ကလေးတွေ ကယ်လ်စီယမ်ဓာတ် ရရှိဖို့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများတိုက်ကျွေးပါ၊ နွားနို့ကို အဓိကတိုက်ပါ။ ကလေးဟာ ငယ်ငယ်ကတည်းက နွားနို့ကိုကြိုက်တဲ့ အကျင့်ဖြစ်အောင်ကျင့်ပေးပြီး နွားနို့ပုံမှန်သောက်တတ်အောင် ကျင့်ပေးပါ။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်တွေမှာလည်း ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့အတွက် တိုက်ကျွေးသင့်ပါတယ်။

– ငါးကလေးများ ကျွေးပါ
ကလေးတွေကို ငါးကျွေးတဲ့အခါ အရိုးမစူးအောင် သေချာနွှင်ကျွေးပါ။ ဒါ့အပြင် ကယ်လ်စီယမ် ပါဝင်မှုများတဲ့၊ အရိုးပါဝါးစားလို့ရတဲ့ ငါးကလေးတွေကို ကျွေးသင့်ပါတယ်။


– အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ကျွေးပါ
စိမ်းတဲ့ ဟင်းသီးဟင်းရွက်တွေ(ဥပမာ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်)နဲ့ နှမ်းစေ့တွေထဲမှာလည်း ကယ်လ်စီယမ်ဓာတ် ပါဝင်ပါတယ်။ ကလေးနှစ်ခြိုက်မယ့် ပုံစံပြင်ဆင်ပြီး ချက်ပြုတ်ကျွေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top