Healthy Life Ad
Health Tips

ခရမ်းရောင်ဂေါ်ဖီထုပ်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုနောက်ပိုင်း ဈေးဝယ်စင်တာတွေမှာ ခရမ်းရောင်ဂေါ်ဖီထုပ်လေးတွေကို အတွေ့ရများလာပါတယ်။ ခရမ်းရောင်ဂေါ်ဖီထုပ်တွေမှာ ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ပါဝင်သလဲဆိုတာသိနိုင်ဖို့ မျှဝေလိုက်ပါတယ်။

– ကင်ဆာကို ဟန့်တားနိုင်ပါတယ်

ခရမ်းရောင်ဂေါ်ဖီထုပ်မှာ ကင်ဆာတားအစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

– ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု များပါတယ်

ခရမ်းရောင်ဂေါ်ဖီထုပ်မှာ ဗီတာမင်အေ၊ ဘီနဲ့စီတို့လို ဗီတာမင်ဓာတ်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ကိုလင်း၊ အိုင်အိုဒင်း၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်နဲ့ ဆာလဖာတို့လို သတ္တုဓာတ်တွေ ပါဝင်မှုများပါတယ်။ ဂေါ်ဖီထုပ်ထဲမှာပါတဲ့ ဆာလဖာက သွေးထဲက အချဉ်ဓာတ်တွေကို ပျက်စီးစေပါတယ်။

– အစာအိမ်အူလမ်းကြောင်းအနာကို ကျက်စေပါတယ်

ခရမ်းရောင်ဂေါ်ဖီထုပ်ဟာ အစာအိမ်အူလမ်းကြောင်းအနာတွေကို အမြန်သက်သာစေပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကျစေပြီး သွေးတိုးကျစေပါတယ်။

– အသားအရေ လှပစေပါတယ်

ခရမ်းရောင်ဂေါ်ဖီထုပ်မှာ အသားအရေ ကြည်လင်ရှင်းသန့်စေတဲ့ အစွမ်းရှိပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ နှလုံးကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top