Healthy Life Ad
Health Tips

နံနံပင်၏ ကျန်းမာရေးကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ခေတ်မှာ လူသိများတဲ့ ဟင်းခတ်အမွှေးအကြိုင်ထဲ နံနံပင်က ထိပ်ဆုံးကဖြစ်ပါတယ်။ နံနံပင်မှာ ကျန်းမာရေး အာနိသင် ပါဝင်မှုများတာမှန်ပေမယ့် ရေစင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။

လေထိုးခြင်း

နံနံပင်က အနံ့ပြင်းပေမယ့် လေထိုးလေအောင့်ဝေဒနာကို သက်သာစေပါတယ်။

အင်တီအောက်ဆီးဒင့်အစွမ်းနှင့် ကင်ဆာဟန့်တားနိုင်စွမ်း

နံနံပင်က ခန္ဓာကိုယ်ကိုသန့်စင်ပေးပြီး ကင်ဆာကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာ ကာရိုတီးနွိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ကင်ဆာနဲ့ မျက်စိရောဂါ ဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နံနံပင်မှာ ကာရိုတီးနွိုက် ဘီတာခရစ်ပတိုဇန်သင်း၊ ဘီတာကယ်ရိုတင်း၊ ဇီဇန်သင်းနဲ့ လူတင်တို့ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်နဲ့ ဖရီးရယ်ဒီကယ်လို အန္တရာယ်ရှိတဲ့ဒြပ်တွေကို ဖယ်ထုတ်ပေးတာကြောင့် ကင်ဆာအန္တရာယ်ကို လျော့ကျစေတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top