Healthy Life Ad
International

အသီးအရွက်များများစားသည့် အမျိုးသားတို့၏ ကိုယ်နံ့ကို မိန်းကလေးများ ပိုနှစ်ခြိုက်

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံ၊ မက်ဂွာရီတက္ကသိုလ် စိတ်ပညာဌာနမှ ပြုလုပ်တဲ့ လေ့လာမှုအရ အသီးအရွက် များများစားတဲ့ ယောကျာ်းတွေရဲ့ ကိုယ်သင်းရနံ့ကို မိန်းကလေးတွေ ပိုမိုနှစ်ခြိုက်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေက ငယ်ရွယ်ကျန်းမာတဲ့ အမျိုးသားတွေနဲ့ လက်တွေ့စမ်းသပ်ခဲ့ရာ ပါဝင်သူတွေရဲ့ အရေပြားမှာ cartenoids (အသီးအရွက်များတွင်ပါဝင်သော ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ရောင်ခြယ်ပစ္စည်း)ပါဝင်မှု ပမာဏကို စစ်ဆေးခဲ့ကြပါတယ်။အသီးအရွက်များများစားသူတွေရဲ့ အရေပြားမှာ cartenoids ပမာဏပိုများတာကို တွေ့ရှိခဲ့ပါတယ်။ပါဝင်သူတစ်ယောက်ချင်းစီကို သန့်ရှင်းတဲ့ တီရှပ်တစ်ထည်စီပေးကာ လေ့ကျင့်ခန်းလုပ်ခိုင်းခဲ့ပါတယ်။အဲဒီနောက် အမျိုးသမီးတွေကို ချွေးစိုနေတဲ့ တီရှပ်တွေကို နမ်းခိုင်းကာ ဘယ်အနံ့ကို အကြိုက်ဆုံးလဲဆိုတာ ဆုံးဖြတ်ခိုင်းခဲ့ကြပါတယ်။

အရေပြားမှာ cartenoids ပမာဏပိုများတဲ့ အမျိုးသားတွေရဲ့ရနံ့ကိုအမျိုးသမီးတွေက အကြိုက်ဆုံးဆိုတာ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ ကိုယ်သင်းရနံ့ကောင်းစေသလို ကျန်းမာရေးနဲ့ညီညွတ်ကာ ဆွဲဆောင်မှုရှိစေတာကြောင့် အမျိုးသားတွေအနေနဲ့ အသီးအရွက်များများစားပေးသင့်ကြောင်း သုတေသီ တွေက တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top