Healthy Life Ad
Health Tips

အဖြူရောင် မှိုဖူးတွေကို ဘာကြောင့်စားသင့်သလဲ. . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အခုချိန်မှာ အဖြူရောင်မှိုဖူးတွေကို ပေါပေါများများတွေ့နေရပြီ ဖြစ်ပါတယ်။

ဘယ်လောက်များများစားသင့်သလဲ
အဖြူရောင်မှိုဖူးတွေဟာ ဟင်းလျာ အမျိုးမျိုးကို အရသာအစုံပေးနိုင်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီ ပါဝင်မှုလျော့နည်းနေပါတယ်။ ဒါကြောင့် ကောင်းစွာကျက်အောင် ချက်ပြုတ်ထားတယ်ဆိုရင် များများစားလို့ရပါတယ်။

အာဟာရတန်ဖိုး
မှိုမှာဗီတာမင် B12၊ B2 နဲ့ B6၊ ဖောလစ်အက်စစ်၊ နိုင်ယာစင်၊ သံဓာတ်နဲ့ ပိုတက်ဆီယမ်တို့ များစွာပါဝင်ပါတယ်။

အဓိက အကျိုးကျေးဇူးများ
မှိုမှာအဆီဓာတ်မပါဝင်ပါဘူး။ ကိုလက်စထရောလည်း ပါဝင်မှုကင်းကာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ အင်တီအောက် ဆီးဒင့်တို့ များစွာပါဝင်နေပါတယ်။

ကောင်းကျိုး ပိုမိုရရှိစေရန်
မှိုကို တစ်နေ့ ငါးကြိမ်ခန့်စားပေးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

– ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

– ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

– သွေးတွင်းဂလူးကို့စ်နဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

– အသည်းအဆီဖုံးတာမျိုးမဖြစ်အောင်ကာကွယ် ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top