၊ လရိပ်မေ ၊
မရွန်းနိစ် (Mayonnaise)ဆိုရင် ပေါင်မုန့်မှာ တို့ပြီးစားရတယ်၊ ဟင်းရွက်သုပ်တွေထဲ ထည့်စားရတယ်လို့ပဲ သိထားပေမယ့် အလှအပအတွက်လည်း အသုံးဝင်တာတွေရှိနေပါတယ်။
(၁) ဆံပင်သား တောက်ပြောင်စေဖို့
ကွန်ဒီရှင်နာတွေမှာ ဓာတုပစ္စည်းပါဝင်လို့ မသုံးချင်ရင် မရွန်းနိစ်ကို အစားထိုးသုံးနိုင်ပါတယ်။ ဦးရေပြားနဲ့ ဆံပင်သားတွေအနှံ့ မရွန်းနိစ်ကို အများအပြားသုတ်လိမ်းပါ။ ပြီးရင် ရေချိုးခန်းသုံးခေါင်းစွပ် စွပ်ထားပေးပါ။ ရေချိုးပြီး ခေါင်းလျှော်တဲ့အခါ ကွန်ဒီရှင်နာသုံးစရာမလိုဘဲ ဆံပင်သားတောင်ပြောင်နေမှာပါ။
(၂) မျက်နှာနုပျိုစေဖို့
မျက်နှာပြင်ပေါ်မှာ မရွန်းနိစ်နည်းနည်းသုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ မရွန်းနိစ်မှာ ကြက်ဥပါဝင်တာကြောင့် ပရိုတင်းဓာတ်ရရှိစေကာ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ မရွန်းနိစ်မှာပါတဲ့ ရှလကာရည်က အသားအရေကို ကြေးချွတ်ပေးပြီး မျက်နှာပေါ်က အမည်းစက်၊ ဝက်ခြံ အမာရွတ်နဲ့ မှည့်ခြောက်တွေကို လျော့ပါးစေပါတယ်။
(၃) လက်သည်းသန်စွမ်းစေဖို့
လက်သည်းတွေကို မရွန်းနိစ်ထဲ ခဏတာစိမ်ပေးပါ။ ဒီနည်းက လက်သည်းတွေကို သန်စွမ်းစေပြီး လက်သည်းပေါ်က အစွန်းအထင်းတွေကို ကင်းစင်စေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)