Healthy Life Ad
Q & A

ဆီးခုံပေါ်က အဖုသေးသေးလေးတွေ . . .

မေး ။ ဆီးခုံပေါ်မှာ အဖုသေးသေးလေး အရင်ထွက်တယ်။ ၂လလောက်တော့ ရှိပါပြီ။ အခုအဖုလေးတွေက များလာလို့ပါ။ အဲဒါဘာဖြစ်တာလဲသိချင်လို့ပါ။စိုးရိမ်ရလားဆိုတာလည်း သိချင်ပါတယ်။
Zinmar Win (Fb)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ဆီးခုံမွှေးမှာဆိုရင်တော့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ မွှေးကျွတ်နာ ဖြစ်နိုင်ပါတယ်။ ဟုတ်၊ မဟုတ် ဆိုတာကတော့ အသေးစိတ်သိရဖို့၊ ဥပမာ- နီနေ၊ ရောင်နေ၊ နာနေတာမျိုး ရှိမရှိ ၊ အမွှေးနေရာမှာ ဟုတ်မဟုတ်၊ တခြားလက္ခဏာတွေဖြစ်တဲ့ ပေါင်ခြံ အကျိတ်ရှိတာမျိုးစတာတွေကို သိဖို့လိုပါတယ်။ ဒါ့ကြောင့် စိုးရိမ်ရ၊ မရသိရဖို့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာပြသစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top