Healthy Life Ad
Health Tips

ဆေးလိပ်အစား အစားထိုးရမည့် အရာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုက ပျင်းရိတာ၊ အိပ်ပျော်တာ၊ စိတ်ဖိစီးမှုများတာနဲ့ ပင်ပန်းတာ. . စတဲ့ အကြောင်းတွေကြောင့် ဆေးလိပ်သောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်တိုင်း၊ သောက်တိုင်း အသက်ရှူ လမ်းကြောင်းထဲ အဆိပ်အတောက်ထောင်ပေါင်းများ စွာဝင်ရောက်နေပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ တခြားကျန်းမာရေးဝေဒနာများစွာကို ဖြစ်စေနိုင်ပါတယ်။ စီးကရက်သောက်တာကြောင့် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းအတော်များများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်မယ့်အချိန်တွေမှာ အစားထိုးပြုလုပ်ပေးနိုင်တဲ့ အရာတွေကို မျှဝေလိုက်ပါတယ်။

– လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာက ဆေးလိပ်သောက်ချင် စိတ်လျော့ပါးစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းစေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အိပ်ငိုက်တာ၊ ဖိစီးမှုများတာတွေကြောင့် ဆေးလိပ်သောက်ချင်စိတ်ကို တွန်းလှန်ပေးနိုင်ပါတယ်။

– ရေများများသောက်ခြင်း
ဆေးလိပ်ဖြတ်ချိန်မှာ သင့်ကိုယ်တွင်းတစ်သျှူးနဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေထဲက အဆိပ် ရှိဓာတုပစ္စည်းတွေကို မြန်မြန်ဖယ်ထုတ်နိုင်ဖို့ ရေများများသောက်ပေးပါ။ ရေကို တစ်နေ့ ၈-၁၂ ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

– ဗီတာမင်စီမှီဝဲခြင်း
ဆေးလိပ်သောက်တဲ့အခါ ဗီတာမင်စီယုတ်လျော့တတ်ပါတယ်။ ဗီတာမင်စီက အသားအရေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အသားအရေထိခိုက်ပြီး ကူးစက်ပိုးဝင်တာနဲ့ နာမကျန်းမှုတွေ ဖြစ် လွယ်တတ်ပါတယ်။ ဗီတာမင်စီပါတဲ့ အချဉ်အရသာရှိ သစ်သီးဝလံတွေ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေကို စားပေးပါ။

– သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စားခြင်း
ဆေးလိပ်သောက်ရင် လျှာအရသာခံအဖုတွေ ထိခိုက်စေပါတယ်။ ဒီအချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အစားထိုး စားသုံး ပေးပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို တမြုံ့မြုံ့ကြိတ်ဝါးပေးတာကြောင့် လျှာအရသာခံအဖုကို ပုံမှန်အတိုင်း ပြန်ဖြစ်စေပါတယ်။

– တရားထိုင်ခြင်း
ဆေးလိပ်သောက်တာက စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဖိစီးမှုကြောင့်ဆိုရင် တရားထိုင်ပေးပါ။ ဖြည်းဖြည်းနဲ့ မှန်မှန်ရှူသွင်း/ရှူထုတ်လုပ်ပေးတာ ကြောင့် စီးကရက်ဆီ စိတ်အာရုံမရောက်တော့ပါဘူး။

– အပန်းဖြေခြင်း
ဝါသနာအသစ်ကို ဖန်တီးတဲ့နည်းနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချပါ။ ပီကေဝါးတာ၊ ဆေးလိပ်ပြတ်စေမယ့် Patch ကပ်ခွာ ကပ်ပေးတာတို့ ပြုလုပ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top