Healthy Life Ad
International

ဆေးလိပ်သောက်သူ သုံးပုံနှစ်ပုံသည် ထိုအကျင့်ကြောင့်ပင် သေဆုံးလိမ့်မည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆေးလိပ်သောက်သူ သုံးဦးအနက် နှစ်ဦးသည် သူတို့၏အကျင့်ကြောင့်ပင် သေဆုံးလိမ့်မည်ဟု သိပ္ပံပညာရှင်တို့က ဆိုသည်။ ထို့ပြင် ဆေးလိပ်သောက်သူတို့သည် ပျမ်းမျှအားဖြင့် သူတို့၏ ဘဝသက်တမ်းမှ ၁၀ နှစ်ခန့် လျော့ကျမှုရှိကြောင်းသိရသည်။

လူနှစ်သိန်းကျော်ကို လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်သူတို့သည် ဆေးရွက်ကြီးကို မသုံးစွဲခဲ့ဖူးသူတို့ထက် စောစောသေဆုံးနိုင်ခြေ သုံးဆပိုများကြောင်း လေ့လာမှုအရသိရသည်။ ဆေးလိပ်မသောက်သူတို့နှင့် နှိုင်းယှဉ်လျှင် တစ်နေ့စီးကရက် ၁၀ လိပ်မျှ သောက်ခြင်းဖြင့် စောစောသေဆုံးနိုင်ခြေ နှစ်ဆပိုများပြီး တစ်နေ့ စီးကရက် အလိပ် ၂၀ သောက်လျှင်မူ စောစောသေဆုံးနိုင်ခြေ ငါးဆပိုများကြောင်း သိရသည်။

ဆေးလိပ်သောက်သူ တစ်ဝက်ခန့်သည် ဆေးလိပ်နှင့် ဆက်စပ်သော နာမကျန်းမှုကြောင့်ပင် သေဆုံးနိုင်ခြေရှိကြောင်း ယခင်လေ့လာမှုများက ယုံကြည်ထားသော်လည်း ဗြိတိန်နှင့် အမေရိကန် လေ့လာမှုအသစ်အရ ထိုပမာဏထက် ပိုများကြောင်း၊ အထူးသဖြင့် ၆၇ ရာခိုင်နှုန်းကျော်ပင် ရှိတတ်ကြောင်း တွေ့ရှိခဲ့ရသည်။

“သင်က ဆေးလိပ်သောက်တတ်ဆိုရင် ဆက်သောက်နေလေလေ၊ စောစောသေဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် အကျိုးကျေးဇူးက ချက်ချင်းရရှိမှာ ဖြစ်ပါတယ်”ဟု ဆစ်ဒနီတက္ကသိုလ်မှ ပါမောက္ခအမ်မလီက ပြောကြားခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top