Healthy Life Ad
International

တက္ကစီဒရိုင်ဘာမိခင် မွေးကင်းစသမီးလေးကို ကားပေါ်တင်ကာ ညတိုင်းတက္ကစီမောင်းနေ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ခင်ပွန်းမရှိတဲ့ အသက် ၄၂ နှစ်အရွယ် တက္ကစီဒရိုင်ဘာ လီရှောင်ယွန်းဟာ သမီးငယ်ယီယီကို ကားပေါ်တင်ကာ ညဆိုင်းတက္ကစီဆွဲခဲ့တာ ၃နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တက္ကစီပေါ်မှာ အတူတကွ ညပေါင်း ၉၀ဝ ကျော်ရှိခဲ့ပြီး ယခုယီယီရဲ့အသက်တောင် ၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

လီက ညဦးပိုင်းကနေ မနက် ၅ နာရီအထိ တက္ကစီဆွဲလေ့ရှိပါတယ်။ ယီယီက ရှေ့ခန်းမှာထိုင်လိုက်လေ့ရှိပြီး တစ်ခါတစ်ရံ နောက်ခန်းပြောင်း ထိုင်ပေးရတတ်ပါတယ်။ တချို့ခရီးသည်တွေက ကလေးပါတာကြောင့် မစီးချင်ကြကြောင်း သိရပါတယ်။ ယီယီက မနက် ၁နာရီလောက်မှာ အိပ်ပျော်သွားလေ့ရှိပြီး မအိပ်ခင်တိုင်း အလုပ်သိမ်းကာ အိမ်စောစောပြန်ဖို့ မိခင်ကိုပူဆာတတ်ပါတယ်။ နေ့တွက်မကိုက်သေးလို့ အလုပ်ဆက်လုပ်ဖို့ လိုသေးကြောင်းနဲ့ နေ့တွက်ကိုက်မှ မုန့်တွေအများ ကြီးဝယ်ကျွေးနိုင်မှာလို့ သမီးငယ်ကို အမြဲနှစ်သိမ့်ရတတ်ပါတယ်။ ကလေးထိန်းမငှားနိုင်တာကြောင့် ငယ်ရွယ်သေးတဲ့သမီးကို အမြဲခေါ်သွားရကြောင်း လီကပြောပြပါတယ်။

လီရဲ့အကြောင်းဟာ အင်တာနက်မှာနာမည်ကြီးသွားခဲ့ပြီး ကလေးရှိတဲ့မိဘတွေက စာနာကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ တချို့က ငယ်ရွယ်လွန်းတဲ့ သမီးမိန်းကလေးအတွက် မလုံခြုံကြောင်း ပြောကြားခဲ့ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top