Healthy Life Ad
International

အိမ်ထဲမှာ အဝတ်မလှန်းသင့်ဟုဆို

၊ မိုးမင်းထွန်း ၊

အိမ်ထဲမှာ အဝတ်လှန်းတာက ရေရှည်ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားစေတတ်ကြောင်း အိုင်ယာလန် ပန်းနာရင်ကျပ်အဖွဲ့အစည်းကဆိုပါတယ်။

အဝတ်လှန်းတာကြောင့် ပတ်ဝန်းကျင်စိုစွတ်စေကာ မျိုးပွားစေတဲ့အစေ့တွေလွှင့်ထုတ်တဲ့ မှိုပေါက်ပွားစေပါတယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ အဲဒီမျိုးစေ့တွေကြောင့် တချို့လူတွေမှာ ဓာတ်မတည့်ဝေဒနာ ဖြစ်ပွားစေတတ်ကြောင်း အဆိုပါအဖွဲ့မှ ဖီးနာကန်နီကပြောကြားပါတယ်။ ပုံမှန်လူတွေရဲ့ ခုခံအားစနစ်က ချောင်းဆိုး၊ နှာချေတာလောက်နဲ့ မျိုးစေ့တွေကို တိုက်ထုတ်နိုင်ကြပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာတော့ ရောဂါပိုမိုဆိုးရွားစေပါတယ်။ မှိုအမျိုးအစားတစ်ခုဖြစ်တဲ့ Aspergillus fumigatus က ပြင်းထန်တဲ့ အဆုတ်ကူးစက်မှု ဖြစ်ပွားစေတတ်ပြီး ပန်းနာရင်ကျပ်သမားတွေသာမက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ထိခိုက်စေတတ်ကြောင်း သိရပါတယ်။

အကောင်းဆုံးက အဝတ်စိုတွေကို အိမ်အပြင်ထုတ်လှန်းသင့်ပြီး မဖြစ်မနေ အိမ်ထဲလှန်းရမယ်ဆိုရင်တော့ အိပ်ခန်းတွေ၊ လူနေဧည့်ခန်းတွေနဲ့ဝေးရာ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အခြောက်ခံစက် အသုံးပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ မှိုတွေက ရေချိုးခန်း၊ မီးဖိုချောင်နဲ့ မြေအောက်ခန်းလို စိုစွတ်တဲ့နေရာတွေမှာ ပေါက်ပွားတတ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top