Healthy Life Ad
Life Style

အဝတ်အထည်နှင့် ဓာတ်မတည့်ခြင်း

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဘယ်လိုအဝတ်အထည်တွေက ဓာတ်မတည့်မှု ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. သဘာဝကရတာကို ပြုလုပ်ထားတဲ့ အဝတ်အစားနဲ့ ပြုပြင်ပြီး ပြုလုပ်ထားတဲ့ အဝတ်ဆိုပြီးရှိပါတယ်။ ပိုး၊ ချည်၊ လိုင်နင်တွေက သဘာဝကရပြီး၊ နိုင်လွန်၊ ပေါ်လီအက်စ်တာ၊ ရာဘာတွေကတော့ ပြုပြင်ထားတဲ့အဝတ်တွေပါ။ ပိုးအစစ်ဆိုရင် ပါးလွှာပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းနိုင်တဲ့အပြင် ဓာတ်မတည့်မှုနည်းစေပါတယ်။ ပြုပြင်ထားတဲ့ အဝတ်တွေဝတ်ရင် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။

မေး. အဝတ်အထည်ဝတ်တဲ့အခါ ဘယ်လိုအခြေအနေမှာ ဓာတ်မတည့်မှု ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. (၁) အဝတ်လျှော်ဆပ်ပြာပြောင်းတာ မကြာသေးတာ အရေးကြီးပါတယ်။ လူအတော်များများဟာ အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ မတည့်တတ်ပါဘူး။ အဝတ်အမွှေးနံ့နဲ့လည်း ဓာတ်မတည့်တတ်ပါဘူး။ ရိုးရိုးလေးပဲ အဝတ်ကို သန့်စင်အောင်လျှော်ရင် ရနေပါပြီ။ ဒါတွေ မလိုပါဘူး။

(၂) အဝတ်အစားသစ် ဝတ်မိတာကလည်း အရေးကြီးပါတယ်။ တချို့အဝတ်တွေမှာ Formaldehyde ဖုံးထား ပါတယ်။ အဝတ်မတွန့်အောင် ထည့်ထားပါတယ်။ အဝတ်အစားသစ်အပြင် အိပ်ရာခင်း၊ ကြမ်းခင်းတွေမှာလည်းပါတယ်။ Formaldehyde ဆိုတာ ဓာတ်မတည့်မှု ဖြစ်စေပါတယ်။ ဖော်မယ်ဒီဟိုက်ကို ကင်ဆာဖြစ်စေတဲ့အရာလို့ ဆိုကြပါတယ်။ ဒါကြောင့် အဝတ်အစားသစ်တွေကို မဝတ်ခင်လျှော်ရမယ်။ ကလေးတွေကို ပိုဂရုစိုက်ရမယ်။

(၃) လေတက်စ်နဲ့ဓာတ်မတည့်တတ်သူတွေက အီလတ်စတစ် ဓာတ်မတည့်မှု ဖြစ်စေပါတယ်။ အတွင်းခံအဝတ် တွေကြောင့် ဓာတ်မတည့်တတ်ဘူး။ ဒါကြောင့် လေတက်စ်ဓာတ်မတည့်တတ်သူတွေဟာ အီလပ်စတစ်ပါတဲ့ အဝတ်တွေနဲ့ မတည့်တတ်ဘူး။ အဝတ်တွေမှာ နီကယ်လ်သတ္တုကို ဘောင်းဘီဇစ်၊ ကြယ်သီး၊ ဂျိတ်တွေမှာ သုံးတတ်တယ်။ နီကယ်လ်ဓာတ်မတည့်သူတွေက ဘောင်းဘီအိတ်ခံထားတာတောင် ကြယ်သီးမှာပါတဲ့ နီကယ်လ်နဲ ့ဓာတ်မတည့်မှုဖြစ်စေပါတယ်။ အဝတ်မှာ သိုးမွေးပါရင် ဓာတ်မတည့်မှု ဖြစ်စေတယ်။ သိုးမွေးက ဆပ်ပြာစင်ဖို့ခက်ပါတယ်။ ဒါကြောင့် ဆပ်ပြာနဲ့ ဓာတ်မတည့်တာလည်း တွေ့တတ်ပါတယ်။

(၄) အဝတ်မှာပါတဲ့ ဆိုးဆေးအမည်းရောင်ကလည်း ဓာတ်မတည့်မှု ဖြစ်စေတယ်။ PPD က တခြား ဓာတုပစ္စည်းတွေထက် ပိုဆိုးပါတယ်။

(၅) ပလပ်စတစ်ပါတဲ့ စာတန်းတွေနဲ့ ဖိနပ်တွေက ဓာတ်မတည့်မှု ဖြစ်စေတယ်။ ဒါကြောင့် အဝတ်အသစ်တွေ၊ ဖိနပ်အသစ်တွေမှာ ပလပ်စတစ်ပါရင် သတိထားရမယ်။

(၆) ပွပွချောင်ချောင် အဝတ်အစားတွေမှာ ပါတတ်တဲ့ ဓာတုပစ္စည်း (Perfluorinated Chemicals) ကလည်း ဆိုးပါတယ်။ ကင်ဆာတောင် ဖြစ်နိုင်တယ်တဲ့။

(၇) ကလေးတွေအိပ်ရင် ဝတ်ပေးတဲ့ဝတ်စုံ (childrens sleepwear) မှာပါတဲ့ brominated flame retardant ကလည်း ဆိုးကျိုးရှိပါတယ်။

(၈) ခြေစွပ်၊ စကတ်လိုမျိုးကလည်း ဓာတ်မတည့်မှုဖြစ်စေပါတယ်။ ပိတ်၊ ဆိုးဆေး၊ ကော်၊ ချွတ်ဆေးနဲ့ ဓာတုပစ္စည်းများစွာပါဝင်တာကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်က အဝတ်နဲ ့မတည့်တဲ့အခါ တုန့်ပြန်တဲ့ ကိုယ်ခံစွမ်းအားစနစ်ဖြစ်လာတယ်။ သွေးဆဲလ်ထဲကနေ ပြန့်ပြီး ယားစေ၊ ရောင်စေတတ်ပါတယ်။ အရေပြားဓာတ်မတည့်မှုကြောင့် ရောင်ရမ်းခြင်း(Allergic contact dermatitis) ဖြစ်စေပါတယ်။ ထိတွေ့ပြီး နာရီပိုင်းမှာကို ခံစားရတတ်တယ်။ တစ်ခါတလေ ရက်အတော်ကြာမှ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ် . . .

မေး. အဝတ်နဲ့ ဓာတ်မတည့်တဲ့အခါ အရေပြားမှာ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ခန္ဓာကိုယ်က အဝတ်နဲ့မတည့်တဲ့အခါ တုန့်ပြန်တဲ့ ကိုယ်ခံစွမ်းအားစနစ်ဖြစ်လာတယ်။ သွေးဆဲလ်ထဲကနေ ပြန့်ပြီး ယားစေ၊ ရောင်စေတတ်ပါတယ်။ အရေပြားဓာတ်မတည့်မှုကြောင့် ရောင်ရမ်းခြင်း (Allergic contact dermatitis) ဖြစ်စေပါတယ်။ ထိတွေ့ပြီး နာရီပိုင်းမှာကို ခံစားရတတ်တယ်။ တစ်ခါတလေ ရက်အတော်ကြာမှ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ အရေပြားယားတယ်၊ အရည်ကြည်ဖု ဖြစ်ပါတယ်၊ သားနံရည်ထွက်တယ်၊ ပြည်တည်တယ်။ အသားအရေခြောက်ရင် အကြေးခွံလေးတွေ ဖြစ်တတ်ပါတယ်။ တာရှည်ဓာတ်မတည့်မှု ခံစားရသူတွေမှာ ဝက်ခြံဆန်တဲ့အနီဖုလေးတွေ ထွက်တတ်တယ်။ မွေးညင်းပေါက်တွေ ရောင်ရမ်းတယ်။ ချိုင်း(ဂျိုင်း)နဲ့ ခါးလို အဝတ်ဖိအားများတဲ့နေရာမှာ ချွေးနဲ့ပေါင်းပြီး ပွတ်တိုက်ကာ ပိုဆိုးတတ်ပါတယ်။

မေး. အဝတ်အစားနဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာမ။

ဖြေ. အကောင်းဆုံးက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အဝတ်အစား၊ ဆပ်ပြာ စတာတွေကို ရှောင်ရပါမယ်။ ဒါကိုမှ မပျောက်ဘဲ အရေပြားယားယံတာ၊ ရောင်တာ၊ ဆက်ဖြစ်နေရင် သက်ဆိုင်ရာ ဆေးခန်း၊ ဆေးရုံ ပြသင့်ပါတယ်။ အတွေ့များတဲ့နေရာတွေကတော့ ချိုင်း (ဂျိုင်း)၊ ဒူးနောက်၊ လက်ကွေးနေရာ၊ ပေါင်ခြံ၊ တင်ပါးတို့ဖြစ်ပါတယ်။ ချွေးစိုထွက်ပြီး ရာသီပူတဲ့အခါ ပိုဆိုးတတ်ပါတယ်၊ ပွတ်တိုက်ရင်း ပိုဆိုးတတ်ပါတယ်။ ဆိုးကျိုးအနေနဲ့ ဘက်တီးရီယားနဲ့ အရေပြား အပေါ်ယံမှိုပိုးဝင်တာ ဖြစ်တတ်ပါတယ်။

မေး. အဝတ်အထည်နဲ့ ဓာတ်မတည့်တာက ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. အမျိုးသမီးတွေက အမျိုးသားတွေထက် ဓာတ်မတည့်မှုကို ပိုခံစားရတတ်ပါတယ်။ အမျိုးသမီးတွေ အဝတ်အစားဝတ်တဲ့ ပုံစံက ပို Fit ဖြစ်လို့ပါ။ အရောင်စုံတာလည်း ပါတာပေါ့။

မီးဖိုချောင်မှာ အလုပ်လုပ်သူ၊ အဝတ်အစားနဲ့ ဓာတ်မတည့်သူတွေဟာ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ချည်ထည်၊ ချည်သား၊ လိုင်နင်စတာတွေနဲ့ လုပ်ထားတဲ့ အဝတ်အစားကို ဝတ်သင့်ပါတယ်။ အရောင်နုကို ပိုဝတ်သင့်တယ်။ ကျပ်တာထက် ချောင်ချောင်ပွပွ အဝတ်အစားမျိုးကို ရွေးဝတ်ရမယ်။ မတွန့်နိုင်တဲ့ အဝတ်အစားမျိုး ရှောင်ရမယ် . . .

အရေပြားတုန့်ပြန်လွယ်တဲ့သူတွေ (Atopic Dermatitis)၊ အရေပြားရောဂါရှိသူတွေနဲ့ ဝသူတွေမှာပိုဆိုးပါတယ်။ ပူပြီး ချွေးထွက်များတဲ့ နေပူထဲအလုပ်လုပ်သူတွေက ပိုဆိုးပါတယ်။ မီးဖိုချောင်မှာ အလုပ်လုပ်သူ၊ အဝတ်အစား နဲ့ ဓာတ်မတည့်သူတွေဟာ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ချည်ထည်၊ ချည်သား၊ လိုင်နင်စတာတွေနဲ့ လုပ်ထားတဲ့ အဝတ်အစားကို ဝတ်သင့်ပါတယ်။ အရောင်နုကို ပိုဝတ်သင့်တယ်။ ကျပ်တာထက် ချောင်ချောင်ပွပွအဝတ်အစားမျိုးကို ရွေးဝတ်ရမယ်။ မတွန့်နိုင်တဲ့ အဝတ်အစားမျိုးရှောင်ရမယ်။ “non-iron” and “dirt-repellent” လို အဝတ်အစားမျိုး ရှောင်ရပါမယ်။ သီးသန့်လျှော်ပါလို့ ပြောထားတဲ့ အဝတ်အစားမျိုး ရှောင်ရမယ်။ ဒီလိုထပ်ပြီး ဂရုစိုက်စေချင်ပါတယ်။

အဝတ်လျှော်ဆပ်ပြာကို ပြောင်းသုံးထားလား၊ ဆပ်ပြာအသစ်က ဓာတ်မတည့်တာလားဆိုတာ သတိထားရ ပါမယ်။
အဝတ်အသစ် ဝတ်မိလား၊ မလျှော်ဘဲဝတ်မိရင် ပိုဆိုးပါတယ်။
အဝတ်လျှော်တာ ပြောင်ရဲ့လား၊ တခြား ဆိုးဆေးတွေနဲ့ရောလျှော်မိလား ဆန်းစစ်ရပါမယ်။
အဝတ်ကို သန့်ရှင်းတဲ့ တန်းပေါ်လှမ်းရဲ့လား၊ အဝတ်ရုပ်တော့ ခါလိုက်ရဲ့လား၊ မီးပူသေသေချာချာ တိုက်ရဲ့လား ဆန်းစစ်ရပါမယ်။
အီလပ်စတစ်တွေနဲ့ ကျပ်နေလား၊ သတ္တု၊ ပလတ်စတစ်တွေ ပါနေလား၊ ကြာရှည်သိမ်းထားပြီးမှ မလျှော်ဘဲ ထုတ်ဝတ်တာလား၊ ဆိုးဆေးတွေပါနေလား ဆန်းစစ်ရပါမယ်။

အဝတ်အစားနဲ့ ဓာတ်မတည့် ဖြစ်တတ်သူတွေက ကိုယ်နဲ့တော်တဲ့ အင်္ကျီဝတ်ရပါမယ်။ အမွှေးနံ့များပြီး အရောင်ပါတဲ့ ဆပ်ပြာနဲ့လျှော်တာ ရှောင်ရပါမယ်။ အဝတ်အစားကို ခြောက်သွေ့မှ ဝတ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top