Healthy Life Ad
Q & A

Glucosamine ဓာတ်ပါတဲ့ဆေးသောက်ပြီး မတည့်လို့

မေး. ကျွန်တော်က အသက် ၆၀ကျော် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပါတယ်။ အမေရိကန်ထုတ် တစ်နေ့တစ်လုံးမှီဝဲရတဲ့ Gluco——- ဆေးကို မှီဝဲစားသုံးရင်း မျက်စိထဲမှာ အပူတွေထွက်သလိုဖြစ်ကာ မတည့်တဲ့လက္ခဏာပြသနေပါတယ်။ အဲဒီဆေးလုံးက မတည့်တာရှိပါသလား၊ ဆက်လက်မှီဝဲရမှာလား၊ အဲဒီဆေးလုံးကိုမှီဝဲရင် ဘာကောင်းကျိုးရမှာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. Gluco——- မှာ အရိုးအဆစ်တွေ၊ အရွတ်တွေကို အားဖြည့်ထောက်ကူပေးတဲ့ Glucosamine ဓာတ် ပါဝင်ပါတယ်။ အများအားဖြင့် ပင်လယ်စာနဲ့ မတည့်သူတွေအနေနဲ့ ပင်လယ်ခရုကမာကနေထုတ်လုပ်တဲ့ Glucosamine ကိုသောက်ရင် ဓာတ်မတည့်တာဖြစ်တတ်ပါတယ်။ ပြောင်းကနေထုတ်တဲ့ Glucosamine ကို သောက်သင့်ပါတယ်။ ဒါပေမဲ့ ဒီဆေးဟာ မဖြစ်မနေသောက်ရမယ့်ဆေးမျိုး မဟုတ်တာကြောင့် ဆေးသောက်ပြီး ယားတယ်၊ အင်ပြင်လိုမျိုးတွေ ဖြစ်တယ်ဆိုရင် ဆက်မသောက်တာကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top