Healthy Life Ad
Health Tips

အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ (Allergy Triggers)

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာ။ အပျိုအသက် ၁၉။ allergic ထတာ ၂လ ကျော်ပြီ။ ထတဲ့ပုံစံကအနီပိမ့်အသေးလေးတွေ။ ယားတယ်။ ပြီးတော့ အခုရက်ပိုင်းနှုတ်ခမ်းတွေပါရောင်လာ။ သွေးစစ်ထားတဲ့မှတ်တမ်းပို့လိုက်ပါတယ်။ ယားတာဖြစ်စေတာကတော့ ပင်လယ်စာရယ်၊ ဖုန်ရယ်၊ ပြီးတော့ ဘာအကြောင်းပြချက်မှမရှိဘဲ လက်တွေ၊ ခြေထောက်တွေမှာ အနီအပိမ့်သေးလေးတွေ ထွက်လာတာဆရာ။

ဖြေ ။

allergy ဆိုတာ ကိုယ့်ရဲ့ ခုခံမှုစနစ်က မတော်တရော်ဖြစ်လို့ရတယ်။ တကယ်တော့ လူကို ဒုက္ခပေးလေ့မရှိတာတွေကနေ ဖြစ်စေတယ်။ ဥပမာ ပန်းဝတ်မှုံ၊ တိရစ္ဆာန်အမှုန်နဲ့လူတွေစားတဲ့ အစာတွေပါတယ်။

ဖြစ်ရင် သာမန်ကာရှန်ကာလေးကနေ အသက်ကိုပါ ရန်ရှာတဲ့အထိ ဆိုးနိုင်တယ်။ အမေရိကား မှာ လူ၅ယောက်မှာ တယောက်လောက်က အလာဂျီရကြတယ်။

၁။ pollen ပန်းဝတ်မှုန်
သစ်ပင်၊ ပန်းပင်၊ မြက်၊ ပေါင်းပင်စတာတွေကနေ ထွက်တဲ့ အမှုန်လေးတွေနဲ့ မသင့်သူတွေမှာ Hay fever ခေါ်တဲ့ ရာသီစာ အလာဂျီ (Seasonal allergis) ရလာစေနိုင်တယ်။ ချက်ချင်း နှာချေ၊ နှာရေယိုကျ၊ နှာခေါင်း ပွစိပွစိဖြစ်၊ ယားယံ၊ မျက်ရည်တွေကျ စတာတွေ ဖြစ်လာမယ်။ ဖြစ်လာရင် အလာဂျီစားဆေး၊ ထိုးဆေး၊ ရှူဆေးတွေရှိတယ်။ အဲလို လူတွေ နေရာရွေးရမယ်။ ဖြစ်တတ်တဲ့အရပ်မသွားနဲ့၊ မထွက်နဲ့။ အိမ်ထဲနေလည်း ပြတင်းပေါက်တွေပိတ်ထား၊ ကားမောင်းသွားလည်း မှန်တွေတင်ထားရမယ်။

၂။ Animal Dander တိရစ္ဆာန်အမှုန်
တိရစ္ဆာန်အတောင်တွေ၊ ကိုယ်မွှေးတွေကနေ ထွက်တဲ့အမှုန်အမွှားတွေနဲ့မတည့်သူတွေက မတည့်ကြဘူး။ အကောင်တွေရဲ့ အဆီအိတ်တွေက ထွက်တာ၊ တံတွေးထဲပါတာတွေလည်း မတည့်သူတွေရှိတယ်။ ဖြစ်ဖို့ကြာတယ်။ ပျောက်ဖို့လည်း ကြာတယ်။

၃။ Mold မှို
တခြားရောဂါတွေရစေတဲ့ Yeast ကတော့ ဆဲလ်တခုထဲနဲ့မှို ဖြစ်ပြီး၊ Molds ဆိုတာ ဆဲလ်တွေ အများကြီးနဲ့ မှိုဖြစ်တယ်။ allergen အလာဂျီရစေနိုင်တယ်၊ Irritants အနေရခက်စေတာနဲ့ Toxic substances အဆိပ်အတောက်တွေ ပါနိုင်တယ်။ Inhaling ရှူမိတာဖြစ်ဖြစ် Touching ထိကိုင်မိတာဖြစ်ဖြစ်ကနေ မတည့်သူတွေမှာ အလာဂျီရစေနိုင်တယ်။ စိုထိုင်းတာကြိုက်တယ်။

၄။ Insect Stings အင်းဆက်အဆိပ်
မတည့်သူတွေမှာ အသက်ကိုရန်ရှာတဲ့အထိ ဆိုးနိုင်တယ်။ အကိုက်ခံရတဲ့နေရာ ရောင်ရဲလာမယ်။ ပျို့အန်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ အားယုတ်မယ်။ ရှားရှားပါးပါး Anaphylaxis ရှော့ခ်အထိရနိုင်တယ်။ အသက်ရှူခက်လာမယ်။ အင်ပြင်ထွက်မယ်။ မျက်နှာရောင်လာမယ်။ လည်ချောင်းရောင်မယ်။ နှလုံးခုန်မြန်မယ်။ သွေးဖိအားကျမယ်။ ခေါင်းမူးပြီး သတိကိုပါထိခိုက်စေမယ်။ အရေးပေါ်ဆေးကုသရမယ်။

၅။ Dust Mites အကောင်သေးသေးလေးတွေ
ဖုံမှုန့်ထဲမှာ အင်မတန်သေးလွန်းတဲ့ အကောင်လေးတွေ ပါနေတယ်။ ဝ.ဝ၁၃ ထ ဝ.ဝ၁၆ လက်မသာ ရှိတယ်။ ခပ်ပြာပြာ အရောင်ရှိတယ်။ စိုထိုင်းတာကို ကြိုက်ကြတယ်။ အိပ်ယာခင်း၊ ခေါင်အုံးဖုံး၊ စောင်၊ ကော်ဇော၊ စတာတွေကို မကြာမကြာ လဲပေးပါ။

၆။ Food အစားအသောက်
Milk နို့၊ Selfish ငါး၊ Nuts အစေ့အဆံတွေ နဲ့ wheat ဂျုံတွေပါတယ်။ တခြားဟာတွေလည်း ရှိပါမယ်။ Asthma ပန်းနာရနိုင်တယ်၊ Hives အင်ပြင်ထနိုင်မယ်၊ Vomiting အန်မယ်၊ Diarrhea ဝမ်းလျှောမယ်၊ Swelling ပါးစပ်နေရာရောင်မယ်။ Anti-histamines ဆေး၊ Steroid ဆေး၊ Epinephrine injection တွေပေးရတယ်။

၇။ Latex ရာဘာ
Latex glove လက်အိတ်၊ Latex condom ကွန်ဒွမ်နဲ့ Medical devices ဆေးခန်းသုံး Latex နဲ့လုပ်တာတွေကို မတည့်သူတွေက မတည့်ကြဘူး။ Skin rash အရေပြားအနီပြင်ထွက်မယ်၊ Eye irritation မျက်စိနီရဲလာမယ်၊ runny nose နှာရည် ယိုမယ်၊ sneezing နှာချေမယ်၊ Wheezing အသက်ရှူကျပ်မယ်၊ Itching ယားယံမယ်။

၈။ Medication ဆေးဝါးတွေ
Penicillin, Sulfa or Aspirin စတာတွေကို မတည့်သူတွေရှိတယ်။ တခါဖြစ်ဖူးရင် မှတ်ထားရမယ်။ (ဒီစာရေးနေရင်း ရင်သားထွားအောင် ဆေးဝယ်လိမ်းသူ အလာဂျီဆိုးဆိုးဝါးဝါးရလို့ မေးလာတာ ရှိတယ်။)

၉။ Cockroaches ပိုးဟပ်
မတည့်သူတွေမှာ အလာဂျီရတယ်။

၁၀။ Fragrance အမွှေးအကြိုင်
Perfumes ရေမွှေး Scented candles အမွှေးတိုင်၊ Laundary detergent ဆပ်ပြာမွှေး၊ Cosmestics အလှအပသုံး-ပစ္စည်းတွေကနေဖြစ်စေနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top