Healthy Life Ad
Health Tips

သင့်ဇနီးကို မကြာခဏ ဖက်ပွေ့ပေးပါ

၊ လရိပ်မေ ၊

ခင်ပွန်းသည်က သူ့ဇနီးကို ဖက်ပွေ့လိုက်တဲ့အခါ ဇနီးသည်ဟာ နွေးထွေးမှု၊ အကာအကွယ်ရရှိမှုနဲ့ လုံခြုံမှုတွေအဝန်းအဝိုင်းထဲ ရောက်သွားသလို ခံစားရတယ်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမဆိုဘဲ အသံတိတ်နေပေမယ့် ဇနီးသည်ရဲ့ လက်အစုံက ငြိမ်းချမ်းသာယာမှုနဲ့ နွေးထွေးနေပါလိမ့်မယ်။

ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ဖက်ပွေ့လိုက်တဲ့အခါ ဇနီးသည်မှာ တောင်ပံတွေရှိတယ်၊ ပျံသန်းနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိသွားတယ်လို့ သိရပါတယ်။ ချစ်ခြင်းမေတ္တာ အဝန်းအဝိုင်းက နွေးထွေးမှုနဲ့ အေးချမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။

Most Popular

Healthy Life Ad
To Top