Healthy Life Ad
Health Tips

အီတလီခေါက်ဆွဲ စပါဂတီစားခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အီတလီခေါက်ဆွဲ စပါဂတီက ဒီနေ့ခေတ်မှာ လူအများစားလေ့ရှိတဲ့ ခေါက်ဆွဲတစ်မျိုး ဖြစ်ပါတယ်။ ခရမ်းချဉ်သီးအနှစ်၊ ခရင်မ်ဆော့၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆေးဖက်ဝင်အရွက်စတာတွေနဲ့ ပြုလုပ်ထားတဲ့ အီတလီခေါက်ဆွဲစပါဂတီ စားတာကြောင့် အောက်ပါ ကျန်းမာရေးကောင်း ကျိုးတွေကိုရရှိစေနိုင်ပါတယ်။

– စွမ်းအင်ရှိစေခြင်း
စပါဂတီစားတာကြောင့် စွမ်းတင်တိုးစေပါတယ်။ ခေါက်ဆွဲစားရင် ကာဗိုဟိုက်ဒရိတ်အရင်း အမြစ်ပါဝင်တဲ့အပြင် ပရိုတင်းဓာတ်နဲ့အဆီဓာတ်ကိုလည်း ရရှိစေပါတယ်။ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေ ပြီး တက်ကြွလန်းဆန်းစေပါတယ်။ ကာဗိုဟိုက် ဒရိတ်မစားရင် အားနည်းပြီး တစ်နေ့တာ လုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင်ဖို့ ပင်ပန်းနေနိုင်ပါတယ်။

– အမျှင်ဓာတ်ရရှိခြင်း
စပါဂတီစားတာကြောင့် နောက်ထပ်ရရှိမှာက အမျှင်ဓာတ်ပါ။ ခန္ဓာကိုယ်အဆိပ်အတောက်တွေ၊ ဖရီးရယ်ဒီကယ်တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် အစာကြေကာဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ အူလမ်းကြောင်းတစ်လျှောက် ကျန်းမာသန့်စင်စေပြီး ဝမ်းချုပ်တာ၊ လိပ်ခေါင်း၊ အူရောင်တာစတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး သွေးတိုးတာ၊ လေဖြတ်တာ၊ သွေးကြော ဆိုင်ရာရောဂါတို့လို နှလုံးရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ဗီတာမင်ဓာတ်များစွာ ရရှိခြင်း
စပါဂတီမှာ ဗီတာမင်ဓာတ်တွေများများပါဝင်ပါတယ်။ လေ့လာမှုအရစပါဂတီခေါက်ဆွဲကို ခွက် တစ်ဝက်စာစားပေးရင် ဗီတာင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့လိုင်ကိုပင်းဓာတ်တွေ ရရှိစေတယ်လို့သိရပါတယ်။ ဗီတာမင်အေက လူတစ်ယောက်ရဲ့ မျက်စိအာရုံကို ကျန်းမာစေပြီး အရေပြားတင်းအားကောင်းစေပါတယ်။ ဗီတာမင်စီက ကူးစက်ပိုးနဲ့ နာမကျန်းမှုတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အသားအရေတင်း ရင်းစေတဲ့ ကော်လာဂျင်လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။ ကယ်လ်ဆီယမ်ကအရိုး နဲ့ သွားတွေကို သန်စွမ်းစေပြီး နှလုံးခုန်နှုန်းကို ကောင်းမွန်စေပါတယ်။ သံဓာတ်က ဆဲလ်နဲ့ တစ်သျှူးတွေဆီ အောက်ဆီဂျင်အလုံအလောက် ရောက်ရှိစေပါတယ်။ ဆီးကျိတ်ကင်ဆာခံစားနေ ရတဲ့ အမျိုးသားတွေဟာ စပါဂတီလို ခရမ်းချဉ်သီး ဟင်းအနှစ်များများပါတဲ့အစာ စားသင့်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

– ဦးနှောက်ကျန်းမာရေး
စပါဂတီခေါက်ဆွဲစားရင် ဦးနှောက်ကျန်းမာ ရေးကိုလည်းကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။ ဆားပါဝင်မှုနည်းတဲ့ စပါဂတီခေါက် ဆွဲစားရင် သွေးတိုးမဖြစ်အောင် ကာကွယ်ပေးကာ နှလုံးရောဂါဝေဒနာတွေမရအောင် ဟန့်တားပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top