Healthy Life Ad
International

စတီးရွိုက်ဆေးသုံးသည့် နာမည်ကျော် ကာယကြံ့ခိုင်ရေးဆရာ သတိလစ်မေ့မျောသွား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် ကာယကြံ့ခိုင်ရေးဆရာ ရစ်ချ်ပီယာနာဟာ ရေချိုးခန်းထဲမှာ ရုတ်တရက်လဲကျသွားခဲ့ကာ သတိလစ်မေ့မျောသွားခဲ့ပါတယ်။

ကိုယ်အလေးချိန် ပေါင် ၃၁၀ ရှိတဲ့ အသက် ၄၆နှစ်အရွယ် ပီယာနာဟာ ယခုအခါ အရေးပေါ်ဆေးကုသဆောင်မှာ ကုသမှုခံယူနေပြီး သတိပြန်လည်မလာသေးဘူးလို့သိရပါတယ်။ နာမည်ကျော် ကာယကြံ့ခိုင်ရေးဆရာဟာ Instagram လူမှုမီဒီယာမှာ ပရိသတ် ၁ သန်းကျော်ရှိပြီး နာမည်ကျော်လာတာနဲ့အမျှ ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းရှိလာခဲ့ပါတယ်။ သူ့ရဲ့ကာယကြံ့ခိုင်ရေးဗီဒီယိုတွေဟာ YouTube မှာ ပျမ်းမျှကြည့်ရှုသူ ၂၀ဝ၀ဝ၀ရှိနေခဲ့ပါတယ်။

ပီယာနာဟာ အသက် ၁၅ နှစ်ကတည်းက ကာယလေ့ကျင့်ခန်းလုပ်ခဲ့ကာ တစ်နေ့ အစာကိုးခါစားလေ့ရှိပြီး ပရိုတိန်းအရည်တွေ သောက်သုံးလေ့ရှိပါတယ်။၂၀၁၆ ခုနှစ်က စတီးရွိုက်ဆေးသုံးကာ ကိုယ်ကာယ ပိုမိုကြီးထွားအောင်ပြုလုပ်ကြောင်း ဝန်ခံထားပါတယ်။ အရေးပေါ်ဖုန်းခေါ်ဆိုမှုရရှိပြီး တာဝန်ရှိသူတွေ သူ့အိမ်ရောက်ရှိလာတဲ့အခါ အိမ်ထဲမှာ စတီးရွိုက်ဆေးပုလင်း အလုံး ၂၀ကိုတွေ့ရှိခဲ့ပါတယ်။ ပီယာနာက ရွေးချယ်စရာရှိရင် စတီးရွိုက်မသုံးဘဲ သဘာဝအတိုင်းလေ့ကျင့်ဖို့ ပရိသတ်တွေကိုတိုက်တွန်းဖူးပြီး ကာယကြံ့ခိုင်ရေးလောကမှာ ကျင်လည်ဖို့အတွက် ဒီလိုဆေးတွေမသုံးဘဲ ပြုလုပ်ဖို့မဖြစ်နိုင်ကြောင်း သူ့အမြင်ကို ယခင်ကပြောကြားဖူးကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top