Healthy Life Ad
Health Tips

“GYMကိုပုံမှန်ဆော့တဲ့အတွက် ကျန်းမာရေးကို ပိုကောင်းစေတယ်” ပြည့်ဝတီမောင်

လရိပ်မေ

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MTVတွေ၊ အွန်လိုင်းကြော်ငြာတွေ ရိုက်ကူးဖြစ်နေတဲ့ ပြည့်ဝတီမောင်ရဲ့ ကျန်းမာရေးနဲ့ အသားအရေထိန်းသိမ်းမှုတွေကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

“ညီမအနေနဲ့ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Skin Care ကို သေချာသုံးပါတယ်။ ရေများများသောက်ဖြစ်ပါတယ်။ အသီးအနှံများများ စားဖြစ်ပါတယ်။

အရင်က အစားအသောက်အနေနဲ့ ဘာမဆိုစားတယ်၊ အခုနောက်ပိုင်းကျတော့ အဆီအအိမ့်တွေရှောင်ပါတယ်။ ညီမခန္ဓာကိုယ်က ဝလွယ်တဲ့အတွက် အဆီတွေဆို ရှောင်ဖြစ်ပါတယ်။ GYMလည်း ဆော့နေတော့ အသီးအရွက်တွေကို များများစားဖြစ်ပါတယ်။ အားရှိမယ့် အသားတွေစားဖြစ်ပါတယ်။

GYM ကို ပုံမှန်ဆော့တဲ့အတွက် ကျန်းမာရေးကိုပိုကောင်းစေတယ်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့နေရာတွေထိရောက်အောင် နည်းပြတွေရဲ့ အကူအညီနဲ့လေ့ကျင့်ဖြစ်ပါတယ်။

ခရီးသွားတဲ့အခါ အဓိကအနေနဲ့ အစာကြေဆေး၊ ထိခိုက်ရှနာအတွက် လိမ်းဆေး၊ ရှူဆေးတွေကို အမြဲဆောင်ဖြစ်ပါတယ်။

ညီမကို အားပေးနေတဲ့ ပရိသတ်ကို ပြောချင်တာက ကျန်းမာခြင်းက ချမ်းသာခြင်းထက်ပိုပြီး အရေးကြီးပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာ လုပ်နိုင်မှာဖြစ်လို့ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ ရွေးစားပြီး လေ့ကျင့်ခန်းလေးတွေ တတ်နိုင်သမျှလုပ်ပေးပါ၊ လေ့ကျင့်ခန်း မလုပ်နိုင်ရင် အစားအသောက်ထိန်းပေးပါလို့ အကြံပြုချင်ပါတယ်။ အားလုံးပဲ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ကြပါစေ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top