Healthy Life Ad
International

အထီးကျန်ခြင်းက အဝလွန်ခြင်းထက် ဆိုးကျိုးပိုမိုသက်ရောက်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု ဘရစ်ဂန်ယန်းတက္ကသိုလ်မှ သုတေသီတွေက လူများစွာပါဝင်တဲ့ လေ့လာစူးစမ်းမှု ၂ခုပြုလုပ်ခဲ့ကြပါတယ်။

ပထမလေ့လာမှုက လူ ၃၀ဝ၀ဝ၀ ကျော်တို့ရဲ့ နေထိုင်မှုအချက်အလက်တွေကို စူးစမ်းခဲ့ကြပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်ပြည့်စုံသူတွေက အထီးကျန်သူတွေထက် စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။ ဒုတိယလေ့လာမှုက လူ ၃ ဒသမ ၄ သန်းတို့ရဲ့လူမှုဆက်ဆံရေးကင်းမဲ့တာ၊ အထီးကျန်တာ၊ တစ်ဦးတည်းနေထိုင်တာနဲ့ သေဆုံးနှုန်းတို့ ဆက်စပ်ပုံကို စူးစမ်းခဲ့ကြပါတယ်။

လေ့လာမှုအရ အဝလွန်ပြဿနာထက် ပိုမိုအန္တရာယ်ရှိတာကို တွေ့ရှိခဲ့ပါတယ်။ အထီးကျန်တာက အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတဲ့ဟော်မုန်းများတာ၊ ရောင်ရမ်းမှုတိုးတာနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းတာတို့ကို ဖြစ်စေတာကြောင့် ရောဂါစွဲကပ်နိုင်ခြေပိုများပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ ထိခိုက်မှုတွေဖြစ်စေကြောင်း သုတေသီတွေက ယူဆထားကြပါတယ်။ လူတွေအနေနဲ့ တစ်ဦးတည်း ဖေ့စ်ဘွတ်ခ်ကြည့်နေမယ့်အစား လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်တာ၊ အိမ်နီးနားချင်းတွေနဲ့ ရောထွေးဆက်ဆံတာတို့ ပြုလုပ်သင့်ကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း သက်ကြီးလူနာတွေကို အထီးကျန်တာရဲ့ ဆိုးကျိုးသိရှိအောင် ပညာပေးသင့်တယ်လို့ဆိုပါတယ်။

အင်္ဂလန်နိုင်ငံမှာတော့ အထီးကျန်နေသူ သက်ကြီးရွယ်အိုတွေအတွက် အခမဲ့ဖုန်းလိုင်းတစ်လိုင်းဖွင့်ပေးထားပြီး ဖုန်းနားထောင်သူကို သူတို့ကြိုက်တာပြောနိုင်အောင် စီစဉ်ပေးထားပါတယ်။ တစ်ပတ် ဖုန်းခေါ်ကြိမ် ၁၀ဝ၀ဝ ဝန်းကျင်ခန့်ရှိကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top