Healthy Life Ad
Women

ကိုရီးယားမင်းသမီးချွဲဂျီဝူး၏ကျန်းမာလှပခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီးချွဲဂျီဝူးဟာ အသက် ၄၂နှစ်ရှိပေမယ့် အသားအရေ တင်းရင်းလှပပြီး ခန္ဓာကိုယ်အလှကိုလည်း ထိန်းထားနိုင်ဆဲပါ။ သူရဲ့ ကျန်းမာလှပတဲ့ လျှို့ဝှက်ချက်ကိုအခုလို သိရပါတယ်။

(၁) ဂျင်ဆင်းလက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်ခြင်း
အေးမြတဲ့ အရပ်ဒေသမှာနေထိုင်သူတွေအတွက် ဂျင်ဆင်းလက်ဖက်ရည်ကြမ်းက နွေးထွေးစေပါတယ်။ ချွဲဂျီဝူးက ဂျင်ဆင်းလက်ဖက်ရည်ကြမ်းကို နေ့တိုင်းပုံမှန်သောက်ပါတယ်တဲ့။

(၂) ကျန်းမာရေးနှင့် ညီညွတ်သော ကိုရီးယားအစားအစာ များစားခြင်း
ကိုရီးယားအစားအစာထဲမှာ ဆီနည်းပြီး အရွက်တွေများများပါတဲ့ အစားအစာတွေကို ရွေးချယ်စားဖြစ်တယ်လို့ ချွဲဂျီဝူးကဆိုပါတယ်။

(၃) ရေများများ သောက်ခြင်း
ရေများများ သောက်တာက အရေးကြောင်းကင်းစင်စေပြီး အသားအရေ စိုပြည်စေပါသတဲ့။

(၄) မျက်နှာပေါင်းတင်ပြီး နှိပ်နယ်ခြင်း
မျက်နှာနှိပ်နယ်ရတာကို သဘောကျတဲ့ ချွဲဂျီဝူးက ပုံမှန်ပေါင်းတင်တဲ့နည်းနဲ့ မျက်နှာနဲ့လည်ပင်းမှာ အရေးကြောင်းတွေ မထင်အောင် ကာကွယ်လေ့ရှိသူပါ။

(၅) ချိုးရေထဲ ဆန်ဝိုင်အနည်းငယ် ထည့်ခြင်း
ခန္ဓာကိုယ်အရေပြား အစိုဓာတ်ရှိနေအောင် ချိုးရေထဲ ဆန်ဝိုင် အနည်းငယ်ထည့်ပြီး ရေချိုးလေ့ရှိသူလည်း ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top