Healthy Life Ad
International

နှစ် ၃၀ ကြာ ပါးစပ်တစ်ခုလုံးအပြည့်အကျိတ်ဖုကြီး စူထွက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ခွဲစိတ်မှုအောင်မြင်

၊ မိုးမင်းထွန်း ၊

ကမ္ဘောဒီးယားနိုင်ငံသား အန့်ခန်မှာ သွားဖုံးမှ စတင်ဖြစ်လာတဲ့ အကျိတ်က ပါးစပ်တစ်ခု လုံးဖုံးအုပ်စူထွက်နေတာ နှစ် ၃၀ ကြာခဲ့ပြီဖြစ်ပါတယ်။ အရည်၊ ဆန်ပျော့ပျော့၊ ခေါက်ဆွဲနဲ့ စွပ်ပြုတ်ကိုသာစားနိုင်ပြီး တချို့အစာမာတွေကို ငှက်တွေလိုသာ မျိုချနေခဲ့ရပါတယ်။ အသက်ရှူ လမ်းကြောင်းကျဉ်းသွားခဲ့ပေမယ့် ကံကောင်း ထောက်မစွာ အသက်ရှူလို့ရနေသေးပါတယ်။ တစ်ခါမှ သွားဆရာဝန်နဲ့သွားရောက် ပြသခဲ့ခြင်း မရှိပါဘူး။


ကမ္ဘောဒီးယားနိုင်ငံသို့ ကုသိုလ်ဖြစ်လာ ရောက်ဆေးကုပေးနေတဲ့ သြစတြေးလျနိုင်ငံသား ဒေါက်တာ အန်ဒရူးချန်ဦးဆောင်တဲ့အဖွဲ့ဟာ ခန်ရဲ့အကြောင်းကို ကြားသိကာ ရောဂါကို စစ်ဆေးပေးခဲ့ကြပါတယ်။ ခန်မှာဖြစ်နေတာက ကင်ဆာအကျိတ်မဟုတ်ဘဲ ရှားပါးတဲ့ Gingi­val Hyperplasia အမည်ရ ရောဂါမျိုး ခံစားနေရကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီရောဂါက လူခုနစ်သိန်းခွဲမှာ တစ်ယောက်သာ ဖြစ်နိုင်ခြေရှိကြောင်း သိရပါတယ်။


ခန်ရဲ့ ရောဂါအခြေအနေ ဆိုးရွားတာကြောင့် သြစတြေးလျနိုင်ငံသို့ ခေါ်ဆောင်ကာ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ကာ ပါးစပ်အနားတစ်ဝိုက်မှာ အနာရွတ်အနည်း ငယ်ကျန်ခဲ့တာမှအပ ခန်ရဲ့အသွင်အပြင်ဟာ မယုံကြည်နိုင်စရာကောင်းအောင် ပြောင်းလဲသွားခဲ့ပါတယ်။ ခန်ဟာ အခုအခါ အစားအစာ တွေကို ပုံမှန်လူတစ်ယောက်လို စားသုံးနိုင်နေပြီး နာလန်ထသက်သာလာနေကြောင်း သိရှိရပါ တယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top