Healthy Life Ad
Health Tips

ဗီတာမင်အီးချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဗီတာမင်အီးက အဆီမှာပျော်ဝင်တဲ့ အမျိုးအ စားဖြစ်ပြီး အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိတာ ကြောင့် ကျန်းမာရေးနဲ့အလှအပအတွက် အများကြီး ကောင်းကျိုးရှိပါတယ်။ ဗီတာမင်အီးချို့တဲ့တဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

– အသားအရေခြောက်သွေ့အိုမင်းခြင်း
ဗီတာမင်အီးချို့တဲ့ရင် အရေပြားဆဲလ်တွေ ရေဓာတ်ခမ်းခြောက်ရာက အရေးကြောင်းထင်တာနဲ့ ပါးရေတွန့်တာတွေဖြစ်တတ်ပါတယ်။ ဗီတာမင်အီးရဲ့ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိဟာ ဖရီး ရယ်ဒီကယ်တွေကို ချေဖျက်ပေးတာကြောင့် အိုမင်းမှုကိုလျော့ကျစေပါတယ်။

– ကြွက်သားအားနည်းခြင်း
လေ့လာမှုအမျိုးမျိုးအရ ဗီတာမင်အီးချို့တဲ့မှုဟာကြွက်သားအားနည်းမှုကိုဖြစ်စေပြီး ကြွက်သားတွေကို ကျုံလှီစေတယ်လို့သိရပါတယ်။ နေ့စဉ်နေ ထိုင်မှုပုံစံက တက်ကြွနေရင် ဗီတာမင်အီးချို့တဲ့မှု မဖြစ်လွယ်ပါဘူး။

– ဆံပင်ကျဲပါးခြင်း
ဆံပင်ကျဲပါးလာတယ်၊ ဆံပင်ကျွတ်နှုန်းများ လာတယ်ဆိုရင် ဗီတာမင်အီးပါဝင်မှုများတဲ့ အစာ တွေကိုစားပေးသင့်ပါတယ်။ ဗီတာမင်အီးက နုပျိုကျန်းမာတဲ့ အသားအရေကို ဖြစ်ပေါ်စေသလို ဆံချည်မျှင်အိတ်တွေခိုင်မြဲပြီး ဆံပင်မကျွတ်အောင် ကာကွယ်ပေးပါတယ်။

– သွေးနီဥနည်းခြင်း
ဗီတာမင်အီးဟာ ဆဲလ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးနီဥနည်းရင်လည်း ဆဲလ်ထိခိုက်မှုဖြစ်တတ်တဲ့အတွက် ဗီတာမင်အီး ချို့တဲ့နေရင် သွေးအားနည်းတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ဗီတာမင်အီးပါဝင်မှုများတဲ့ အစာတွေကို စားပေးပါ။

– လိင်စိတ်လျော့နည်းခြင်း
ဗီတာမင်အီးချို့တဲ့ရင် ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ အိပ်ခန်းထဲမှာ ကျေနပ်နှစ်သိမ့်မှုရရှိဖို့ မလွယ်ပါဘူး။

– ဟန်ချက်ထိန်းနိုင်စွမ်းပြဿနာ
ဗီတာမင်အီးချို့တဲ့တဲ့အခါ ဟန်ချက်ထိန်းနိုင် စွမ်းမှာအခက်အခဲရှိတတ်ပါတယ်။ အာရုံကြော တွေထိခိုက်ပြီး လက်နဲ့ခြေထောက်မှာ ပူစပ်ပူ လောင်ဖြစ်တာ၊ ထုံကျဉ်တာတို့ ဖြစ်တတ်ပါတယ်။

– အမြင်ဝေ၀ါးခြင်း
အမြင်ဝေ၀ါးနေရင် ဒါမှမဟုတ် ညဘက်မှာ မြင်နိုင်စွမ်းခက်ခဲနေရင် ဗီတာမင်အီးချို့တဲ့တာ ကြောင့်ဖြစ်နိုင်ပါတယ်။ ဗီတာမင်အီးရဲ့ အင်တီအောက်ဆီးဒင့်အစွမ်းက မျက်စိအာရုံခံလွှာကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

– ဗီတာမင်အီးချို့တဲ့နေလျှင်

ဗီတာမင်အီးချို့တဲ့တဲ့ လက္ခဏာတွေ ဖြစ်ပေါ် နေရင် ပဲပုပ်စေ့၊ တိုဟူး၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီး၊ အစေ့အဆန်၊ ထောပတ်သီး၊ ရွှေဖရုံသီးနဲ့ ငါးစတာတွေကို စားပေးသင့်ပါတယ်။ ဒီအစာတွေက ဗီတာမင်အီးပါဝင်မှု အများဆုံး အစာတွေဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top