Healthy Life Ad
Q & A

ဆီးချိုကြောင့် ကျောက်ကပ်ထိနေပြီလား . . .

မေး. မေမေက ဆီးချိုရှိမှန်း ၂၀၁၆၊ ၅လပိုင်းလောက်မှသိပါတယ်။ သိသိချင်း ဆရာမကြီး ပါမောက္ခဒေါ်သန်းသန်းအေးနဲ့ တန်းပြပါတယ်။ ဆီးချိုက ထိန်းနိုင်တယ်ဆိုပေမယ့် ကျောက်ကပ်ကိုထိနေပြီလားလို့ စိုးရိမ်မိပါတယ်။ ဆေးစစ်ချက်အရဆိုရင် ကျောက်ကပ်ကိုထိသွားပြီလားရှင်။
မြတ်နိုးခင် (FB)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အသက်နဲ့ creatinine level စဉ်းစားရပါတယ်။ အသက်ကြီးလို့ ဒီလောက်ရှိနိုင်တယ်။ တစ်ကြိမ်ထဲစစ်ပြီး မပြောနိုင်ပါဘူး။ အချိန်ခြားပြီး ၂လတစ်ခါ ပြန်စစ်လို့ ပိုကောင်းလာရင် အကောင်းဆုံးပါပဲ။ ဒီအတိုင်းတည်ငြိမ်နေရင်လည်း ကောင်းတယ်လို့ခေါ်ပါမယ်။ မြန်မြန်တက်သွားရင်တော့ မကောင်းပါဘူး။ မှန်မှန်ပြန်ပြပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top