Healthy Life Ad
International

၀က်ရဲ့မျက်ကြည်လွှာ အစားထိုးပြီးနောက် မျက်စိပြန်မြင်လာတဲ့ တရုတ်အမျိုးသား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံတောင်ပိုင်းမှ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ မျက်လုံးတစ်လုံးဟာ နာတာရှည်ရောင်ရမ်းတဲ့ ရောဂါဖြစ်ပွားနေပြီး ကိုယ့်လက်ကိုယ်တောင် ပြန်မမြင်နိုင်ခဲ့ပါဘူး။ အခုအခါ ဝက်မှ မျက်ကြည်လွှာနဲ့အစားထိုးခွဲ စိတ်ပြီးနောက် အဆိုပါ အမျိုးသားရဲ့ မျက်လုံးဟာ ပုံမှန်အတိုင်းနီးပါး ပြန်မြင်လာခဲ့ပြီလို့သိရပါတယ်။
မျက်လုံးရှေ့ပိုင်းရှိ မျက်ကြည်လွှာမှာ သွေးကြောမပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အစားထိုးမှုကို ငြင်းပယ်မယ့် အန္တရာယ်နည်းပါးကြောင်းလည်း သိရပါတယ်။ အလားတူ ဝက်မျက်ကြည်လွှာ အစားထိုးမှုကို တရုတ်နိုင်ငံဆေးရုံတွေမှာ ၁၀ကြိမ် နီးပါးပြုလုပ်ဖူးပြီး အောင်မြင်မှုနှုန်း ၉၀ ရာခိုင်နှုန်းကျော်ကြောင်း သိရပါတယ်။ ခွဲစိတ်မှုက လူသားမျက်ကြည်လွှာ အစားထိုးမှုနဲ့ ဆင်တူကြောင်း ဆရာဝန်တွေက ပြောပါတယ်။
တရုတ်နိုင်ငံမှာ မျက်ကြည်လွှာလှူဒါန်းသူ နည်းပါးတာကြောင့် မျက်စိလူနာအတော်များများ အခက်ကြုံနေရပါတယ်။ ဒါ့ကြောင့် လူသားမျက်ကြည်လွှာလောက် မကောင်းပေမယ့် ယာယီအစားထိုးစရာအဖြစ် ဝက်မျက်ကြည်လွှာကို အသုံးပြုနေရတယ်လို့ သိရပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top