Healthy Life Ad
Health Tips

လက်ကိုက်ခဲနာကျင်မှု လျော့ပါးပြီး သွေးလှည့်ပတ်မှု ကောင်းစေမည့် နည်းလမ်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လက်တွေရောင်ရမ်းတာ၊ လက်တွေနာကျင်ကိုက်ခဲတာနဲ့ လက်ထုံကျဉ်တဲ့ ဝေဒနာတွေခံစားရတယ်ဆိုရင် ဒါက သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစားအသောက် စားသောက်တာ စတဲ့အချက်တွေကြောင့် သွေးလှည့်ပတ်မှု အားနည်းရတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလွယ်နည်းတွေရှိပါတယ်။

လက်သန်စွမ်းစေရန် လေ့ကျင့်ပါ
လက်တွေမှာ သွေးလှည့်ပတ်မှု ကောင်းစေမယ့် အကောင်းဆုံးနည်းက လက်သန်စွမ်းကျန်းမာအောင် လေ့ကျင့်ခန်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ လက်ညှစ်အားကောင်းအောင် ရာဘာဘောလုံးလို အသေးစားဘောလုံးကို ညှစ်ပေးရင်လည်း လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း သန်မာအားကောင်းစေပြီး လက်တွေဆီသွေးစီးဆင်းမှုအား ကောင်းမွန်စေပါတယ်။

အစားအသောက်ပုံစံ ပြောင်းလဲပါ
သင်စားတဲ့ အစားအသောက်ပုံစံက သင့်ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ အဆီ၊ ဆားနဲ့ သကြားများတဲ့ အစာတွေကိုလျှော့စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းအသား၊ အစေ့အဆန်၊ အခွံမာသီးစတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် အပြည့်အဝပါဝင်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

ဆေးလိပ်သောက်တတ်ရင်ဖြတ်ပါ
ဆေးလိပ်သောက်တတ်ရင် လက်တွေဟာ တစ်ခါတစ်ရံ ထုံကျဉ်တာ၊ တစ်ခါတလေ နာကျင်ကိုက်ခဲတာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် သွေးတွင်းကိုလက်စထရောအဆင့် မြင့်တက်ကာ သွေးလွှတ်ကြောတွေ ထူထဲပိတ်ဆို့ပြီး သွေးလှည့်ပတ်စီးဆင်းမှု ခက်ခဲတတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ရင် လက်အပါအဝင် တစ်ကိုယ်လုံးမှာ သွေးလှည့်ပတ်မှု အားကောင်းစေပါတယ်။ လက်ဖဝါးအ ချင်းချင်းဖိပြီး နှိပ်ပေးတာလို လက်လေ့ကျင့်ခန်းအမျိုးမျိုးရှိပါတယ်။

စိတ်ဖိစီးမှုအဆင့်ကို ထိန်းချုပ်ပါ
စိတ်ဖိစီးမှုများလွန်းရင်လည်း သွေးလှည့်ပတ်မှုကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများလွန်းရင် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာစတဲ့ နည်းတွေနဲ့လျှော့ချပါ။ စိတ်ဖိစီးမှုလျော့ပါးသက်သာအောင် လုပ်ဆောင်ရင်း သင့်လက်အပါအဝင် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှုကောင်းနေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top