Healthy Life Ad
Health Tips

အအေးမိကိုက်ခဲဝေဒနာ သက်သာစေမည့် သဘာဝနည်းများ

အအေးမိချင်သလိုလိုဖြစ်လာပြီး တစ်ကိုယ် လုံးကိုက်ခဲနာကျင်နေပြီဆိုရင် အဲဒီအချိန်မှာ အအေးမိကိုက်ခဲဝေဒနာ သက်သာစေဖို့နဲ့ ပိုဆိုးမ လာစေဖို့ သဘာဝနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ် ကိုယ်ဂရုစိုက်ရပါမယ်။

နည်းလမ်း (၁) ရေနွေး သောက်ပါ
အအေးမိနေတဲ့အချိန် ခန္ဓာကိုယ်ခုခံအား စနစ်ကနေ အအေးမိဗိုင်းရပ်စ်ပိုးကို တွန်းထုတ်နိုင်ဖို့ ရေနွေးသောက်သင့်ပါတယ်။ ရေနွေးသောက်တာကြောင့် ချွဲတွေကိုပျော်စေပြီး အသက်ရှူရအဆင် ပြေစေပါတယ်။

နည်းလမ်း (၂) ကြက်စွပ်ပြုတ် ပူပူသောက်ပါ
ချင်း(ဂျင်း) ခတ်ထားတဲ့ ကြက်စွပ်ပြုတ် ပူပူကို သောက်တာကြောင့် နှာခေါင်းမြှေးတစ်လျှောက် ရှင်း လင်းသွားစေပြီး အာဟာရဓာတ် အပြည့်အဝ ရရှိစေပါတယ်။ ချင်း(ဂျင်း)က နှာခေါင်းပိတ်တာနဲ့ ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်။

နည်းလမ်း (၃) ကြက်သီးနွေးရေ သုံးပြီး ရေချိုးပါ
ကြက်သီးနွေးရေနဲ့ရေချိုးတာကြောင့် နှာခေါင်း ပိတ်တာကို သက်သာစေပြီး လည်ပင်း၊ ရင်ဘတ်နဲ့ နှာခေါင်းတွင်း ဖိအားသက်ရောက်မှုကို လျော့ကျစေ ပါတယ်။

နည်းလမ်း (၄) ဆားရေ အာလုတ်ကျင်းပါ
ချောင်းဆိုးချင်သလိုလို၊ လည်ချောင်း နာသလို လိုခံစားရရင် ဆားရည်နဲ့ အာလုတ်ကျင်းပြီး ငုံဆေး ငုံပေးပါ။

နည်းလမ်း (၅)အကိုက်အခဲပျောက်ဆေးသောက်ပါ
အအေးမိခါစမှာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ သလိုလို ခံစားရတတ်ပါတယ်။ အဲဒီအချိန်မှာ နွေး နွေးထွေးထွေးနေပါ။ အစာစားပြီး အကိုက်အခဲ ပျောက်ဆေးသောက်ပေးပါ။

နည်းလမ်း(၆)အထွေထွေကျန်းမာရေးကို အလေးထားပါ
ကိုယ်ခံအားစနစ် ကောင်းမွန်နေအောင် အစာကို မျှမျှတတစားပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရင် ခန္ဓာကိုယ်က အအေးမိဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်စွမ်းရှိစေပါလိမ့်မယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်အပြည့်အဝပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top