Healthy Life Ad
Women

ကိုရီးယားမင်းသမီးဂျွန်ဂျီဟွန်း၏ ကိုယ်လုံးထိန်းနည်း လျှို့ဝှက်ချက် သုံးရပ်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီးဂျွန်ဂျီဟွန်း ဇာတ်ကားတွေ စတင်မရိုက်ခင်မှာ ကိုယ်အလေးချိန်များပြီး ပါးက ဖောင်းဖောင်း၊ မေးစေ့က နှစ်ထပ်နဲ့မို့ လူတွေက ဘယ်လိုလုပ်ပြီး မင်းသမီးဖြစ်မှာလဲလို့ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဇာတ်ကားတွေရိုက်တဲ့အခါ သူ့ပုံစံက သွယ်လျ လှပပြီး ကြည့်ကောင်းနေတဲ့အတွက် လူတွေအံ့အား သင့်သွားခဲ့ပါတယ်။ ဂျွန်ဂျီဟွန်းက သူရဲ့ခန္ဓာကိုယ်လှပ ကြည့်ကောင်းသွားစေတဲ့ လျှို့ဝှက်ချက်တွေကို အခု လိုပြောပြခဲ့ပါတယ်။

လျှို့ဝှက်ချက် (၁) ဘယ်လက်နှင့် အစာစားခြင်း
(သင်က ဘယ်သန်ဆိုလျှင် ညာလက်နှင့် အစာစားပါ)
အစာစားတဲ့အခါ ကိုယ်အားမရတဲ့ လက်ကို သုံးပြီးစားပေးရင် အစာကိုကြေညက်အောင် ဝါးဖြစ်စေသလို နှေးနှေးပဲစားဖြစ်လို့ အစာနည်းနည်းပဲ စားဖြစ်သွားပါတော့တယ်။ အဲဒီအခါ ကယ်လိုရီများများမရရှိတော့တဲ့အတွက် ဒီနည်းက အလုပ်ဖြစ်တယ်လို့ ဂျွန်ဂျီဟွန်းကဆိုပါတယ်။

လျှို့ဝှက်ချက် (၂) အစာမစားမီ နှုတ်ခမ်းနီဆိုးခြင်း
နှုတ်ခမ်းဆိုးဆေးမှာ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ဆိုးဆေးများစွာ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် အစာမစားခင် နှုတ်ခမ်းနီဆိုးထားရင် နှုတ်ခမ်းနီမပျက်အောင် အစာကို ဂရုတစိုက်စားဖြစ်သွားတဲ့အပြင် တစ်ခါ စားရင်အစာကို နည်းနည်းပဲစားဖြစ်သွားစေပါတယ်။ ဒီနည်းကလည်း ကိုယ်အလေးချိန် မတက်စေတော့ပါဘူး။

လျှို့ဝှက်ချက် (၃) နေ့စဉ်နေ့တိုင်း မိနစ် ၂၀-၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ခြင်း
အဓိကသော့ချက်က စိတ်ရှည်သည်းခံဖို့ပါပဲ။ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ ခပ်သွက်သွက်ပြေးတာတို့လို လေ့ကျင့်ခန်း တွေကို နေ့စဉ်မှန်မှန် ချွေးထွက်အောင်လုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top