Healthy Life Ad
Health Tips

ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်သည့်အခါ တွေ့ရသည့် လက္ခဏာသုံးရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဓာတ်မတည့်တာက အဖြစ်များဆုံးကျန်းမာရေးပြဿနာပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေက တခြားနာမကျန်းမှုဝေဒနာတွေနဲ့ ဆင်တူတတ်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုကို စောစောစီးစီးသိရှိနိုင်ဖို့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ တွေ့ရတဲ့ လက္ခဏာရပ်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) အအေးမိဝေဒနာ လက္ခဏာနဲ့ဆင်တူတဲ့ လက္ခဏာ
အဆတ်မပြတ် ချောင်းဆိုးနေရင် ဓာတ်မတည့်မှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အအေးမိဝေဒနာဖြစ်ရင် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာ တွဲဖြစ်တတ်သလို ရောင်ရမ်းမှုလည်းဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ တစ်ခုတည်းဖြစ်ရင် ဒါက ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်တာပါ။

(၂) အရေပြားအနီကွက်များ
ပူပြင်းတဲ့နေ့တွေမှာ အရေပြားအနီကွက် ထွက်နိုင်ပါတယ်။ ဒါပေမဲ့ ခြင်ကိုက်တာနဲ့ ပူပြင်းတာတို့ကြောင့် အရေပြားအနီကွက်ထွက်နိုင်ပါတယ်။ အဝတ်အစားကျပ်ကျပ်ဝတ်တာ၊ အဝတ်အစားနဲ့ ထိကပ်နေတာတွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။

(၃) မျက်ဝန်းရောင်ရမ်းခြင်း၊ မျက်ဝန်းဖောင်းအစ်ခြင်း
ဓာတ်မတည့်တုံ့ပြန်မှုဖြစ်တဲ့အခါ မျက်ရည်ကျတာနဲ့ မျက်စိယားယံတာတို့ ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်အညစ်အကြေး၊ ပန်းဝတ်မှုန် စတာတွေဲ့ ထိတွေ့ရင် မျက်စိဖောင်းအစ်မှုဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက အစားအသောက်နဲ့ ဓာတ်မတည့်တာကြောင့် ပြသတတ်ပါတယ်။

Tip !
ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအပြုအမူတွေလုပ်ရင် ဓာတ်မတည့်မှု ဖြစ်တတ်တယ်ဆိုတာ အသေးစိတ်ချရေးထားပါ။
ဓာတ်မတည့်မှုသက်သာစေတဲ့ ဆေး (ဥပမာ Anti – histamine)ကို ဆောင်ထားပါ။
Antihistamineသောက်တာတောင် တစ်ပတ်ကျော်ကြာ ဓာတ်မတည့်တုံ့ပြန်မှုဖြစ်နေရင် ဆရာဝန်နဲ့ပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top