Healthy Life Ad
Men

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်း လူအများသိလိုသည့် မေးခွန်းများ (၂)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ဥက္ကဌ၊ အသည်းဖောင်ဒေးရှင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. စီပိုးရှိပြီး ဆေးမကုနိုင်သေးတဲ့အချိန်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်ပါသလဲ။

ဖြေ. စီပိုးကရှိတယ်၊ ဆေးမကုနိုင်သေးဘူးဆိုရင် အသည်းနဲ့မတည့်တာတွေ လုံးဝရှောင်ရပါမယ်။ စီပိုးရှိရင် အရက်၊ ဆေးလိပ်၊ ကွမ်း စတာတွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အစားအစာတွေ၊ မှိုပါတဲ့ ငရုတ်သီးအခြောက်တောင့်၊ မြေပဲ၊ နှမ်း စတာတွေကိုရှောင်ရပါမယ်။ အစပ်ကြိုက်ရင် အန္တရာယ်အကင်းဆုံးက ငရုတ်သီးအစိမ်းတောင့်ကို စားပေးသင့်ပါတယ်။ အသည်းနဲ့မတည့်တဲ့ ဆေးတွေ (ဥပမာ ပါရာစီတမော၊ တက်ထရာဆိုက်ကလင်း၊ သံဓာတ်ပါတဲ့အားဆေး) စတာတွေကို ရှောင်ရပါတယ်။ သံဓာတ်က အသည်းမှာစုပြီး အသည်းခြောက်တာတွေ ဖြစ်တတ်လို့ပါ။ ဆီတွေအများကြီး မစားရပါဘူး၊ ဆီတွေအများကြီးစားရင် အသည်းမှာအဆီဖုံးပြီး နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါတွေဖြစ်နိုင်ခြေ ပိုများပါတယ်။

စီပိုးကိုမကုနိုင်သေးတဲ့အချိန်မှာ သုံးလတစ်ခါလောက်စစ်ပြီး အာထရာဆောင်းရိုက်တာ၊ အသည်း အင်ဇိုင်းစစ်တာတွေ လုပ်ရတယ်။ ပြီးရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးခဲစေတဲ့ Platelets စတာတွေကို စစ်ရတယ်။ အဲဒီအဖြေလေးတွေကောင်းနေရင် စောင့်လို့ရတယ်။ အသည်းက ခြောက်နေပြီဆိုရင်တော့ ဆေးကုသင့်ပါတယ်။

မေး. ဘီပိုးကုနေချိန်မှာ ဆေးကုသမှု ပိုမိုအောင်မြင်လာအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။

ဖြေ. ဘီပိုးကုနေချိန်မှာ ကျန်းမာအောင် နေထိုင်စားသောက်ရပါတယ်။ ဆေးလေးမှန်မှန်သောက်ရပါမယ်၊ အရက်၊ ဆေးလိပ်၊ ကွမ်း စတာတွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အစားအစာတွေ၊ မှိုပါတဲ့ ငရုတ်သီးအခြောက်တောင့်၊ မြေပဲ၊ နှမ်း စတာတွေကို ရှောင်ရပါမယ်။ အသည်းနဲ့မတည့်တဲ့ ဆေးတွေ (ဥပမာ ပါရာစီတမော၊ တက်ထရာဆိုက်ကလင်း၊ သံဓာတ်ပါတဲ့ အားဆေး) စတာတွေကို ရှောင်ရပါတယ်။ ဆီတွေအများကြီးမစားရပါဘူး။

မေး. ဘီပိုးအတွက် Tenofovir ပိုးသတ်ဆေးသောက်နေချိန်မှာ ကိုယ်ဝန်ဆောင်လို့ ရပါသလား ဆရာမ။

ဖြေ. Tenofovir ပိုးသတ်ဆေးသောက်နေချိန်မှာ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဆေးဖြတ်ဖို့၊ မဖြတ်ဖို့က အသည်းရောဂါအတိမ်အနက်ပေါ် မူတည်ပါတယ်။ နိုင်ငံတကာမှာ အခုဆိုရင် ကိုယ်ဝန်ဆောင် ဘီပိုးရှိမှန်းသိတဲ့အခါ ကိုယ်ဝန် ၂၀-၂၈ ပတ်လောက်မှာ ဒီ Tenofovir ပိုးသတ်ဆေးကို စပေးနေပါတယ်။ ကိုယ်ဝန်ဆောင်ဘီပိုးရှိရင် ဒီဆေးပေးထားလိုက်တဲ့အခါ ပိုးကောင်ရေက အရမ်းနည်းသွားပြီး ကလေးမွေးလာရင် ကလေးဆီ ဘီပိုးမကူးတော့ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တော့ လိုအပ်ပါတယ်။

ဘီပိုးလိုပဲ စီပိုးကုနေချိန်မှာ ကျန်းမာအောင်နေထိုင်စားသောက်ရပါတယ်။ ဆေးလေးမှန်မှန်သောက်ရပါမယ်၊ အရက်၊ ဆေးလိပ်၊ ကွမ်းစတာတွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အစားအစာတွေ၊ မှိုပါတဲ့ ငရုတ်သီးအခြောက်တောင့်၊ မြေပဲ၊ နှမ်းစတာတွေကိုရှောင်ရပါမယ်။ အသည်းနဲ့မတည့်တဲ့ ဆေးတွေ (ဥပမာ ပါရာစီတမော၊ တက်ထရာဆိုက်ကလင်း၊ သံဓာတ်ပါတဲ့အားဆေး) စတာတွေကို ရှောင်ရပါတယ် . . .

မေး. စီပိုးကုနေချိန်မှာ ဆေးကုသမှု ပိုမိုအောင်မြင်လာအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။

ဖြေ. စီပိုးက အသည်းမခြောက်သေးဘူးဆိုရင် သုံးလဆေးစားလိုက်တာနဲ့ ပျောက်နှုန်းက ၉၅ ရာခိုင်နှုန်းရှိပါတယ်။ စီပိုးရှိပြီး အသည်းခြောက်သွားပြီဆိုရင်တော့ ဆေးကို ခြောက်လသောက်ရပါတယ်။ ဘီပိုးလိုပဲ စီပိုးကုနေချိန်မှာ ကျန်းမာအောင် နေထိုင်စားသောက်ရပါတယ်။ ဆေးလေးမှန်မှန် သောက်ရပါမယ်၊ အရက်၊ ဆေးလိပ်၊ ကွမ်းစတာတွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အစားအစာတွေ၊ မှိုပါတဲ့ ငရုတ်သီးအခြောက်တောင့်၊ မြေပဲ၊ နှမ်းစတာတွေကို ရှောင်ရပါမယ်။ အသည်းနဲ့မတည့်တဲ့ ဆေးတွေ (ဥပမာ ပါရာစီတမော၊ တက်ထရာဆိုက်ကလင်း၊ သံဓာတ်ပါတဲ့အားဆေး) စတာတွေကို ရှောင်ရပါတယ်။ ဆီတွေအများကြီး မစားရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top