Healthy Life Ad
Q & A

သင်္ဘောသီးနဲ့ ကိုယ်ဝန်မေးခွန်း

မေး ။ ဆရာ မင်္ဂလာပါရှင့် ကျွန်မနာမည်……ရှင့်။ အသက် ၃၁နှစ်ပါ။ အခု ကိုယ်ဝန်က ၃ လထဲမှာပါဆရာ။ မေးချင်တဲ့အကြောင်းအရာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သင်္ဘောသီးစိမ်းစားရင် ကလေးပျက်တတ်တယ်။ မပျက်ကျရင်တောင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်တတ်တယ်လို့ ပြောကြပါတယ်ဆရာ။ အမှန်ပါလားရှင့်။ ဖြေကြားပေးပါဦးဆရာရှင့်။

ဒေါက်တာတင့်ဆွေမှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ဘယ်နှစ်ယောက်မေးသလဲ မသိ။ ကိုယ်ဝန်နဲ့ သင်္ဘောသီး မေးနေကြတယ်။ မနေ့တမြန်နေ့လောက်ကလည်း နာနတ်သီးစားရင်ကိုယ်ဝန်ပျက်တာ မေးသေးတယ်။
ကိုယ်ဝန်ဖျက်ချင်သူတွေက မေးနေကြတယ်။ အဲဒီနည်းတွေ ပေးလိုက်ကြပါလား။

အဲလိုရေးတာ ပညာပေးတာမဟုတ်ပါ။ ခြောက်လှန့်တဲစာ။ Health ဆိုပြီးရေးထးာတယ်။ အဲလို မဟုတ်တမ်းမတရားတွေမေးကြတာ နေ့တိုင်း။ အိုဂျီကပြောရင် လိုက်နာပါလို့သာဖြေတယ်။
အင်တာနက်မှာလိုက်ရှာရင် ကိုယ်ဝန်မှာ သင်္ဘောသီးမစားပါနဲ့လို့ အင်္ဂလိပ်လိုရေးတာတွေရှိတယ်။ စားလို့ရတယ်လို့ ရေးတာလည်းရှိတယ်။ အဲဒါတွေက ဆေးသုတေသနခိုင်မာမှုမရှိတာတွေချည်းသာ ဖြစ်တယ်။ ဂရုတွေမှာရေးတာတွေ။ခိုင်မာတာကိုသာ ရေးပါမယ်။ ကိုယ်ဝန်ပျက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။

၁။ အင်ဖက်ရှင်ခေါ် ရောဂါပိုးဝင်ခြင်း၊

၂။ မိခင်ကျန်းမာရေးအကြောင်းခံ ဥပမာ လည်ပင်းကြီးရောဂါနဲ့ ဆီးချိုရောဂါ၊

၃။ ဟော်မုန်းမူမမှန်ခြင်း၊

၄။ ရောဂါပြီးစနစ်ကမောက်ကမဖြစ်ခြင်း၊

၅။ သားအိမ်မူမမှန်ခြင်းတွေဖြစ်တယ်။

၆။ အသက် ၃၅ နှစ်ကျော်သူ၊

၇။ အရင်ကလည်းကိုယ်ဝန်ပျက်ဖူးသူနဲ့

၈။ သားအိမ်ဝမလုံခြင်းတွေလည်းပါတယ်။

နောက်လေ့လာမှုတခုအရ

၁။ ခရိုမိုဇုန်းမူမမှန်ခြင်း၊

၂။ သားအိမ်ဝမလုံခြင်း၊

၃။ သားအိမ်မူမမှန်ခြင်း၊

၄။ ရောဂါပြီးစနစ်၊

၅။ PCOS မျိုးဥအိမ်အိတ်ကလေးများရှိခြင်း၊

၆။ ဗက်တီးရီးယားပိုးဝင်ခြင်း၊

၇။ လူနေမှုပုံစံအရ ဥပမာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး၊ ပတ်ဝန်းကျင်အဆိပ်။

ကိုယ်ဝန်အလိုလိုပျက်ခြင်းဟာ သန္ဓေသားအားနည်းချက်ကများတယ်။ မိခင်အားနည်းချက်ထက်များတယ်။ ရှိရှိသမျှ ဆေးသုတေသနတွေမှာ ကိုယ်ဝန်ပျက်ခြင်း အကြောင်းရင်းတွေထဲမှာ နာနတ်သီးမပါ။ သင်္ဘောသီးမပါ။ ကျွန်တော် နာနတ်သီးမစိုက်ပါ။ သင်္ဘောသီး မရောင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top