Healthy Life Ad
Health Tips

ပဲနီလေးစားခြင်းဖြင့်ရရှိနိုင်သည့် ကျန်းမာရေးအစွမ်း

စူး ၊ (ဆေးဝါးတက္ကသိုလ်)

(1)- ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ ပေါင်းစပ်ကာဗို ဟိုက်ဒရိတ်တို့ ရောထားတဲ့ အပြစ်ကင်းစင်တဲ့ အစားအသောက်ဖြစ်ပါတယ်။ ပဲနီလေးက မြန်မြန်ကျက်လွယ် တာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့အသုပ် အဖြစ် စားနိုင်ပါတယ်။

(2)- ပဲနီလေးရဲ့ ကျန်းမာရေး အာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာပမာဏမှာ အမျှင်ဓာတ် ၁၆ ဂရမ်ပါဝင်ပါတယ်။ ပဲနီလေးမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ပမာဏကိုလျော့ကျစေပြီး နှလုံး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3)- ပဲနီလေးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ဂရမ် ပါဝင်နေပါတယ်။

(4)- လတ်တလော လေ့လာမှုတစ်ရပ်အရ အစာ စားတိုင်း ပဲနီလေးဒါမှမဟုတ် ပဲအမျိုးမျိုးကို တစ်ပတ်မှာနှစ်ကြိမ်လောက် ပါဝင်အောင် ထည့်စားသူတွေဟာ တစ်လမှာ တစ်ကြိမ်အောက်သာ စားသူတွေနဲ့ နှိုင်းယှဉ်ပါက ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(5)- ပဲနီလေးဟာ ဗီတာမင်ဘီဓာတ်လည်း ပေါများစွာ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ အမိုင်နိုအက်ဆစ် ဟိုမိုစစ်စတင်း ပမာဏကို လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်းပမာဏများတာဟာ နှလုံးရောဂါနဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်း လျော့နည်းတဲ့ အခြေအနေ ဖြစ်နိုင်ခြေကို မြင့်မားစေတာကြောင့် ဟိုမိုစစ္စတင်းပမာဏ လျော့နည်းအောင် ပဲနီလေးကို စားသင့်ပါတယ်။ ပဲနီလေးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ သင့်ကိုအူလှုပ်ရှားမှု ကောင်းမွန်ပြီး ဝမ်းမှန်အောင် ထိန်းပေးထားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top