Healthy Life Ad
Health Tips

သင့်ကိုအိုမင်းရင့်ရော်လွယ်စေသည့်အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင်စားတဲ့ အစာတွေကြောင့် ပိန်တာ၊ ဝတာ စတဲ့ပြောင်းလဲမှုတွေ ဖြစ်တတ်သလို နုပျိုတာ၊ အိုမင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်ရင် အသားအရေရဲ့ အိုမင်းမှုဖြစ်စဉ်ကိုတိုးစေတာကြောင့် ရှောင်သင့်ပါတယ်။

သကြားကဲသော သရေစာများ
သကြားများများ စားတဲ့အခါ သကြား မော်လီကျူးတွေက ပရိုတင်းတွေနဲ့ပေါင်းပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်စေနိုင်ပါတယ်။

အရက်
အသည်းကျန်းမာမှ အသားအရေ ကျန်းမာမှာ ဖြစ်ပါတယ်။ အသည်းက ကောင်းကောင်း အလုပ်လုပ်ရင် အဆိပ်အတောက်တွေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အသည်းမှာ အဆိပ်အတောက်တွေ စုပုံပြီး ကောင်းစွာ မချေဖျက်နိုင်ရင် အသားအရေမှာ ဝက်ခြံပေါက်တာ၊ ရောင်ရမ်းတာနဲ့ အရေးကြောင်းထင်တာတို့ ဖြစ်တတ်ပါတယ်။ အရက်က ရေဓာတ်ခမ်းခြောက်ပြီး အိပ်ရေးပျက်စေတဲ့အတွက် အသားအရေ အိုမင်းရင့်ရော်တာနဲ့ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။

မီးတူးနေသော အသား
မီးတူးနေတဲ့ အသားတွေမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ပါဝင်တာကြောင့် အရေပြား ရှိ ကော်လာဂျင်ဓာတ်တွေကို ပြိုကွဲစေနိုင်ပါတယ်။

ဆားငန်သော အစာ
ဆိုဒီယမ် (ဆား)များများပါတဲ့ စည်သွပ်ဘူးထဲက အစာတွေဟာ ရေဓာတ်ဆွဲစေပြီး ဖောင်းအစ်တဲ့ အသွင်အပြင်ကို ဖြစ်စေနိုင်ပါတယ်။

ပူစပ်လွန်းသော အစာ
ပူစပ်လွန်းတဲ့ အစာတွေက အသားအရေကို နီမြန်းစေပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်အတွင်း ဒီထိခိုက်မှုက ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အရေပြားရှိ သွေးကြောတွေက တုံ့ပြန်လွယ်တာကြောင့် ဖြစ်ပါတယ်။ ပူစပ်တဲ့ အစာတွေက သွေးကြောတွေ ကို ကျယ်စေပြီး အရေပြား ဖောင်းအစ်တာနဲ့ နီမြန်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။

ပြုပြင်ထားသော အသား
ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း အစရှိတဲ့ ပြုပြင်ထားတဲ့ အသားတွေမှာ ဆာလဖိုက်ဒ်နဲ့ တခြား တာရှည်ခံပစ္စည်းတွေ ပါဝင်တဲ့အတွက် အသားအရေ ကို ရောင်ရမ်းစေပြီး အိုမင်းမှု တိုးစေပါတယ်။ ဆားပါ ဝင်မှုလည်းများတဲ့အတွက် ရုပ်ရည်ကို ဖောင်းအစ်စေပါတယ်။

အဆီများသည့် အနီရောင် အသား
အဆီများတဲ့ အနီရောင်အသားတွေက ဖရီးရယ်ဒီကယ်တွေကို ထုတ်ပေးပြီး ဆဲလ်ကောင်းတွေ ကို ထိခိုက်စေတဲ့အတွက် နောက်ဆုံးမှာ အရေပြားရဲ့ ကာကွယ်နိုင်စွမ်း ထိခိုက်သွားပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top