Healthy Life Ad
Health Tips

ခံတွင်းရနံ့သင်းပျံ့စေချင်

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ သွားဖုံးတွေ၊ လျှာတွေနဲ့ သွားတွေမှာ ကပ်ငြိနေ တတ်တာကြောင့် သွားနဲ့ ခံတွင်းသန့်စင်ထိန်းသိမ်းမှု ကို စနစ်တကျမလုပ်ရင် ခံတွင်းအနံ့ဆိုးထွက်နေနိုင် ပါတယ်။

ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းအောင် အမြန်ကုသနည်း

– ပါးစပ်ခြောက်တာဟာ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေအတွက် နားခိုရှင်သန်ရာ နေရာ ကောင်းပါပဲ။ ဒါကြောင့် အာခြောက်နေရင် ရေကို မြန် မြန်သောက်လိုက်ပါ။ ရေဟာ ဘက်တီးရီးယားပိုးတွေကို ယာယီကင်းစင်သွားစေပြီး အနံ့ဆိုးသက်သာစေပါတယ်။

– နေ့လယ်စာ ဒါမှမဟုတ် ညစာစားပြီးတဲ့အခါမှာ တရုတ်နံနံကို စားပေးပါ။ တရုတ်နံနံမှာပါဝင်တဲ့ ကလိုရိုဖီးလ်ဟာ ခံတွင်းအနံ့ကို သင်းပျံ့စေပြီး ပိုးမွှားတွေ ကို တွန်းလှန်ပေးနိုင်တဲ့ စွမ်းအင်တွေ ရှိနေပါတယ်။

– သင့်ဆီမှာ လိမ္မော်သီး အလွယ်တကူ ရှိနေရင် အခွံနွှာပြီး စားလိုက်ပါ။ လိမ္မော်သီးထဲက စစ်ထရစ်အက်စစ်တွေဟာ တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး ခံတွင်းရနံ့သင်းပျံ့စေတဲ့ တံတွေးတွေကို စီးဆင်းစေ ပါတယ်။

– လိမ္မော်သီးမရှိရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အနံ့စူးရှတဲ့ အစားအစာတွေကလွဲရင် ကျန်တဲ့အစာတွေ ကို စားပေးနိုင်ပါတယ်။ အစာစားလိုက်တာဟာ တံတွေးအထွက်နှုန်းကောင်းစေပြီး လျှာအနောက်က အနံ့ဆိုးထွက်စေတဲ့ ပိုးတွေကို ကင်းစင်စေပါတယ်။

– လျှာတွေကို သွားတိုက်တံနဲ့ခြစ်ပေးပါ။ လျှာပေါ်မှာ ပရိုတင်းအချဉ်ပေါက်ရာက ထွက်လာတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေတာကြောင့် အနံ့ ဆိုးထွက်တတ်ပါတယ်။ လျှာကို ခြစ်ပြီးတဲ့အချိန်မှာ ပလုတ်ကျင်းပေးပါ။

ခံတွင်းအနံ့ သင်းပျံ့စေမည့် ဟင်းခတ်အမွှေးအကြိုင်များ

– လေးညှင်းမှာ အစွမ်းထက်ဘက်တီးရီးယားသတ် ဆေး Eugenol များစွာပါဝင်ပါတယ်။ လေးညှင်းအနည်းငယ်ကို ပါးစပ်ထဲထည့်ပြီး အဆီထွက် လာတဲ့အထိ ကြိတ်ဝါးပေးပါ။ အဆီထွက်လာမှ ထွေးထုတ်လိုက်ပါ။ လေးညှင်းဆီ ဒါမှမဟုတ် လေးညှင်းမှုန့်ကိုမသုံးပါနဲ့။ အဲဒီအရာတွေက ပြင်းလွန်းပါတယ်။

– စမုံစပါးစေ့၊ စမြိတ်စေ့၊ ဖာလာစေ့ စတာတွေကို ကြိတ်ဝါးပါ။ စမုံစပါးစေ့ဟာ နွယ်ချိုလိုအရသာမျိုး ရှိကာ လျှာပေါ်မှာပေါက်ပွားနေတဲ့ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ပါတယ်။ တခြားအစေ့တွေကတော့ အနံ့ဆိုးကို ဖုံးထားပေးနိုင်ပါတယ်။

– သစ်ကြံပိုးခေါက်အနည်းငယ်ငုံပါ။ ပိုးသတ်အာနိ သင်ရှိပါတယ်။

ခံတွင်းရနံ့သင်းပျံ့စေသောဆေးရည်သုံးပါ

ကလိုရင်းဒိုင်အောက်ဆိုက်ပါတဲ့ ခံတွင်းရနံ့ သင်းပျံ့စေတဲ့ဆေးရည်ဟာ အနံ့ဆိုးထွက်စေတဲ့ ဆာလဖာဒြပ်ပေါင်းကို လျော့ပါးစေပါတယ်။
လက်ဖက်စိမ်းဆီပါတဲ့ သွားတိုက်ဆေးဟာ လည်း သဘာဝပိုးသတ်အာနိသင်ရှိပါတယ်။

[Unicode]
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top