Healthy Life Ad
Health Tips

၀က်ခြံအတွက်အလွယ်ကုထုံး

၊ ငွေကြယ်စင်ယံ ၊

နှင်းဆီရေ
ရေတစ်ဘူးထဲ နှင်းဆီပွင့်ဖတ် ၁၀ ပွင့်ထည့် ပြီး ရေခဲသေတ္တာထဲ ၃၆ နာရီကြာထားပါ။ ပြီးရင် အရက်ထည့်ပြီး ရေချိုးပြီးတဲ့အခါ ဒါမှမဟုတ် မအိပ်ခင် တစ်နေ့တစ်ခါလိမ်းပေးပါ။ ရေခဲသေတ္တာထဲ နှင်းဆီရေထည့်ထားပြီး မကုန်မချင်းသုံးပေးပါ။

သံပရိုလက်ဖက်ရည်
သံပရိုသီးတစ်လုံးထဲ ရေထည့်ပြီး အချိန် ၃-၅ မိနစ်ခန့်ပြုတ်ပါ။ ရလာတဲ့အရည်ကို တစ်နေ့ နှစ်ကြိမ် သောက်ပေးရင် အသားအရေအဆိပ်အတောက်ပြေစေပါတယ်။

ပျားရည်နှင့် သစ်ကြံပိုးခေါက်
ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို ရောမွှေပြီး မျက်နှာရှိ အမာရွတ်နဲ့ အမည်းစက်တွေပေါ် သုတ်လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံ၊ ဂျုံမှုန့်အကြမ်းနှင့် ဒိန်ချဉ်
ပန်းကန်လုံးတစ်ခွက်ထဲ ရေထည့်ပြီး လိမ္မော်ခွံအနည်းငယ်ထည့်ကာ ရေခဲသေတ္တာထဲအချိန် ၂၄ နာရီကြာ ထားပါ။ ပြီးရင် အစိတ်စိတ်အမြွှာမြွှာဖြတ် ပြီး ပန်းကန်လုံးထဲ ပြန်ထည့်ပါ။ ပြီးရင် ဂျုံမှုန့် လက်ဖက်စားဇွန်း သုံးဇွန်းနဲ့ ဒိန်ချဉ်အလွတ် လက်ဖက် စားဇွန်းနှစ်ဇွန်းထည့်ပါ။ ရောမွှေထားတဲ့ အရောအနှောကို သန့်ရှင်းတဲ့ မျက်နှာပေါ်သုတ်လိမ်းပါ။ ငါးမိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ရမှာဖြစ်ပါတယ်။

ရှလကာရည်
ရေထဲ ရှလကာရည်အနည်းငယ်ထည့်ဖျော်ပြီး သန့်ရှင်းထဲ မျက်နှာပေါ် ဝါဂွမ်းစလေး ဆွတ်ကာ သုတ်လိမ်းပေးပါ။ အရေပြားရဲ့ စံဓာတ် ဟန်ချက် ညီမျှစေပြီး အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top