Healthy Life Ad
Q & A

ကင်ဆာဖြစ်ရင် တပင်တိုင်မြနန်းမှီဝဲသင့်သလား

မေး ။ ကင်ဆာဖြစ်ရင် တပင်တိုင်မြနန်း မှီဝဲသင့်ပါသလား။ တချို့က မှီဝဲသင့်တယ်၊ တချို့က မမှီဝဲသင့်ဘူး စသဖြင့် အမျိုးမျိုးပြောနေကြလို့ပါ။
ကိုစိုး၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ အခုခေတ်မှာ ကင်ဆာဖြစ်နှုန်းတွေက အရမ်းများလာပါတယ်။ ကင်ဆာဖြစ်လာရင် တပင်တိုင်မြနန်း စားသင့်သလား၊ မစားသင့်ဘူးလားဆိုတာကိုလည်း အများကြီး မေးမြန်းကြပါတယ်။ ဆရာမရဲ့ အတွေ့အကြုံ အရပြောရရင် တပင်တိုင်မြနန်းဥကတော့ ကျိုပြီးသောက်လို့ရပါတယ်။ ဒါပေမဲ့ သိပ်အများကြီးတော့ မသောက်စေချင်ပါဘူး။ သိပ်များလွန်းသွားရင် သွေးပေါင်ကျတတ်ပါတယ်။ ကင်ဆာသမားတွေမှာ နဂိုကမှ အားအင်နည်းတတ်ပါတယ်၊ တချို့လူနာတွေမှာ ကင်ဆာဆေးသွင်းထားလို့ပဲ ဖြစ်ဖြစ်၊ ဆေးကုထားလို့ပဲဖြစ်ဖြစ် ကယ်လိုရီက အများကြီး လိုအပ်နေချိန်၊ အားအင်တွေ အများကြီး လိုအပ်နေချိန်မှာ တပင်တိုင်မြနန်းဥတွေကို အများကြီး ကျိုသောက်လိုက်ရင် သွေးပေါင်ကျတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် တစ်ရက် မှာ တစ်ခွက်လောက်ပဲ သောက်ပေးသင့်ပါတယ်။ ကျန်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို များများစားသောက်ပေးဖို့ကိုလည်း မှာချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top