Healthy Life Ad
Health Tips

ညစ်ညမ်းတဲ့လေထုက နှလုံးထိခိုက်စေနိုင်

လေထုညစ်ညမ်းမှုများတဲ့ ပတ်ဝန်းကျင်နေရာမှာ နေထိုင်ရင် နှာခေါင်းစည်းအုပ်ထားဖို့ အကြံပြုပါရစေ။ အကြောင်းကတော့ ညစ်ညမ်းတဲ့ လေထဲက ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်စေပြီး နှလုံးလို အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ယာဉ်ကြောပိတ်ဆို့ပြီး လေထုညစ်ညမ်းကာ ဆူညံသံတွေမြင့်မားတဲ့နေရာမှာ နေထိုင်တာကြောင့် နှလုံးရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးနိုင်ခြေကို ၆ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ ဗြိတိန်ကိုလံဘီယာသိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ပေကျင်းစက်ရုံတွေက နှစ်လကြာသန့်စင်ပြီး လေထုအရည်အသွေးကောင်းမွန်လာတဲ့အခါ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့သွေးဖိအား ပိုကောင်းလာပြီး သွေးကြောကျန်းမာရေးကို ပိုမိုကောင်းမွန်လာတယ်လို့ဆိုပါတယ်။ နှလုံးကျန်းမာစေဖို့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားပြီး ကားမီးခိုးငွေ့တွေနဲ့ ဝေးဝေးမှာနေကာ လေထုညစ်ညမ်းမှုများတဲ့ အခြေအနေကို ရှောင်ကြဉ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top