Healthy Life Ad
Q & A

ရာသီလာရက်ရှည်နေခြင်း . . .

မေး။ ။ ရာသီလာတာ ၁၄ ရက်လောက် ကြာနေတာ ဘာကြောင့်ပါလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဆေးခန်းကြီးမှာ အားလုံးစစ်ပေမယ့် သံဓာတ်အားဆေး ပုလင်းတွေ သောက်ခိုင်းပါတယ်။ ဒါပေမဲ့ မရပ်ပါဘူး။နောက်တစ်နှစ်ကြာလောက်မှာ ထပ်ပြီး ရက်ကြာတာ ဖြစ်ပြန်ရော။ စိတ်မသက်သာဘူးဆရာ။
ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ရာသီလာရက်ရှည်လွန်းတာက သားအိမ်တွင်း အသားလုံးရှိနေခြင်း၊ သားအိမ်အတွင်းသား ထူလွန်း နေခြင်း၊ တချို့သွေးရောဂါတွေ ရှိနေခြင်းတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာ အရင်စမ်းသပ်စစ်ဆေးပြီးမှ ဘယ်လိုလုပ်ရမလဲ သိနိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top