Healthy Life Ad
Q & A

တီဘီရောဂါရှိသူနဲ့ စကားပြောရုံနဲ့ တီဘီကူးတတ်သလား . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကျန်းမာရေးဗဟုသုတအနေဖြင့် မေးချင်ပါတယ်။ တီဘီရောဂါရှိသူတစ်ဦးနဲ့ စကားခဏပြောရုံ၊ ကားတစ်စီးတည်း အတူတူ တစ်ခဏစီးသွားရုံနဲ့တင် ကူးစက်သွားတတ်လား။

A. တီဘီလူနာက ချောင်းဆိုးမယ်၊ သူ့ရဲ့သလိပ်ထဲ တီဘီပိုးပါရင် ကူးစက်နိုင်ပါတယ်။ သာမန်စကားပြောတာနဲ့စာရင်တော့ ချောင်းဆိုးတဲ့အချိန် သလိပ်ထဲပိုးရှိတဲ့ လူနာဆီကနေသာ ကူးနိုင်တာပါ။ တီဘီရောဂါရှိသူနဲ့ လက်ပွန်းတတီးနေတာထက်စာရင် ကိုယ်ခံအားစနစ်ကျနေတဲ့သူတွေမှာ ကူးစက်နိုင်ခြေက ပိုများပါတယ်။ တီဘီပိုးဆိုတာ လေထုကနေ ပျံ့နှံ့တာဖြစ်လို့ ကိုယ်ခံအားစနစ် ကျနေတဲ့သူတွေ၊ နာတာရှည်ရောဂါ ဝေဒနာရှိသူတွေမှာ ကူးစက်နိုင်ခြေက ပိုများတတ်တာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top