Healthy Life Ad
Health Tips

နို့နှင့်နို့ထွက်ပစ္စည်းမှမဟုတ်ဘဲ ကယ်လ်စီယမ် ရရှိအောင်ကူညီပေးမည့် အစာငါးမျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကယ်လ်စီယမ်ဟာ အရိုးတွေ သန်စွမ်းကျန်းမာဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ကယ်လ်စီယမ်ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေကပဲ ရရှိမယ်လို့ လူတွေက ထင်ထားကြပေမယ့် အစိမ်းရောင်အရွက်၊ လိမ္မော်သီးစတာတွေကနေ ကယ်လ်စီယမ်ရရှိနိုင်ပါတယ်။ ဒါကြောင့် နို့နဲ့ နို့ထွက်ပစ္စည်း မစားဖြစ်တဲ့နေ့တွေမှာ ကယ်လ်စီယမ်ကိုရရှိစေဖို့ အောက်ပါအစားအစာငါးမျိုးကို စားပေးနိုင်ပါတယ်။

(၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်ဓာတ် ပါဝင်နေပါတယ်။ ဒါ့အပြင် အာဟာရကောင်းကောင်း ရရှိဖို့အတွက် တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း လိုအပ်နေပါတယ်။ ဟင်းနုနယ်ရွက်သုပ် ဒါမှမဟုတ် အစိမ်းရောင်ဟင်းရွက်ဟင်းလျာတစ်ခွက်ကို နေ့လယ်စာမှာ ပါဝင်အောင်စားတာက ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ရရှိပါတယ်။

(၂) အားဖြည့်ထားသော အစားအစာများ
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းတာမှန်ပေမယ့် ကယ်လ်စီယမ်လို သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အားဖြည့်ထားတတ်ပါတယ်။ နံနက်စာကွေကာဟာ ကယ်လ်စီယမ်လို အာဟာရဓာတ်တွေ ဖြည့်ထားတဲ့ အစာဖြစ်ပါတယ်။

(၃) လိမ္မော်သီး
လိမ္မော်သီးလို ချဉ်တဲ့သစ်သီးတွေထဲမှာ ကယ်လ်စီယမ်ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ လိမ္မော်သီးစိတ်မှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။

(၄) ဗာဒံစေ့
ဗာဒံစေ့ လက်တစ်ဆုပ်စာမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင်အီးတို့ပါဝင်ပြီး လက်သည်းခြေသည်းနဲ့ ဆံပင်သားတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၅) ပဲသီးတောင့်
ပဲသီးတောင့်မှာပါတဲ့ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ်တို့ မြင့်မားစွာ ပါဝင်တာကြောင့် ပဲသီးဟင်းကို စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top