Healthy Life Ad
Health Tips

မန်ကျည်းရွက်၏ ကျန်းမာရေးကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မန်ကျည်းရွက်နုနုလေးတွေကို သုပ်စားတာ၊ ချက်စားတာ၊ ကြော်စားတာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ စားလေ့ရှိကြပါတယ်။ မန်ကျည်းရွက်ကိုစားတဲ့အခါ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိပါတယ်။

ဆီးချိုအကြိုဝေဒနာရှိသူတွေအတွက် သင့်တော်ပါတယ်
မန်ကျည်းရွက်က အင်ဆူလင်ခုခံနိုင်စွမ်း ကောင်းစေတာကြောင့် ဆီးချိုအကြိုဝေဒနာရှိသူ နဲ့ ဆီးချိုရောဂါရှင်တွေအတွက် သင့်တော်ပါတယ်။

ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေပါတယ်
မန်ကျည်းရွက်စားရင်ရာသီလာချိန်နဲ့ ဆက်စပ်ဖြစ်ပေါ်တတ်တဲ့ ဗိုက်နာဗိုက်အောင့်ဝေဒနာကို သိသိသာသာသက်သာစေပါတယ်။ မန်ကျည်းရွက်မှာ ရောင်ရမ်းနာကျင်ကိုက်ခဲမှုသက်သာစေတဲ့ အစွမ်းရှိပါတယ်။

ရောင်ရမ်းနာကျင်နေတဲ့ အဆစ်တွေကို သက်သာစေပါတယ်
မန်ကျည်းရွက်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကို သက်သာစေပါတယ်။

ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်
မန်ကျည်းသီးလိုပဲ မန်ကျည်းရွက်မှာ ဗီတာမင်စီပါဝင်မှုများပါတယ်။ သွားဖုံးရောင်ရမ်းတာ၊ သွားဖုံးသွေးထွက်တာတို့ကို သက်သာစေပြီး သွားကိုက်ဝေဒနာကင်းစင်စေပါတယ်။

ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို သန်စွမ်းစေပါတယ်
မန်ကျည်းရွက်မှာ ဗီတာမင်စီပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထိခိုက်စေတဲ့ ပိုးမွှားတွေရဲ့ရန်ကို ကာကွယ်ပေးပါတယ်။

မြန်မြန် အနာကျက်စေပါတယ်
မန်ကျည်းရွက်ကို ရေစင်အောင် ဆေးပြီး ပြတ်ရှရာနဲ့ မီးလောင်ဒဏ်ရာပေါ်ကပ်ပေးပါ။ ပိုးသတ် အာနိသင်ရှိတဲ့အတွက် ကူးစက်ပိုးတွေ ကင်းစင်ပြီး အနာကျက်လွယ်စေပါတယ်။

အသားအရေ ကြည့်ကောင်းစေပါတယ်
အရေပြားအပြစ်အနာအဆာတွေပေါ် မန်ကျည်းရွက်ကပ်ပေးတဲ့အခါ အမြန်သက်သာစေပါတယ်။ မန်ကျည်းရွက်စားရင် အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိတာကြောင့် အရေးကြောင်းပါး ပါးနဲ့အရေးကြောင်းကြီးတွေကို သက်သာလျော့ပါးစေပါတယ်။

အသက်အန္တရာယ်ရှိတဲ့ နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်
မန်ကျည်းရွက်မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့အစွမ်းရှိပါတယ်။ ဒီအစွမ်းက သွေးတိုးကျစေသလို သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေတဲ့အပြင် နှလုံးရောဂါဖြစ်နှုန်းကိုလည်း သိသိသာသာလျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top