Healthy Life Ad
Life Style

အရေးကြောင်းနဲ့ ပါးရေတွန့်ရာတွေကိုဘယ်လို ဖုံးအုပ်မလဲ . . .

၊ လရိပ်မေ ၊

မိတ်ကပ်လိမ်းတဲ့ အလေ့အထက အသက်အရွယ်အလိုက် ပြောင်းလဲလာရမှာ ဖြစ်ပါတယ်။အရေးကြောင်း ထင်တာ၊ ကျီးကန်းခြေထောက်ဖြစ်တာနဲ့ တခြားအိုမင်းတဲ့ လက္ခဏာတွေပေါ်တာတွေက မိတ်ကပ်လိမ်းပြီး ဖုံးအုပ်ထားနိုင်ပါတယ်။

အသားအရေကို အရင်ဆုံး ပြင်ဆင်ပါ
မိတ်ကပ်မလိမ်းခင် အသားအရေလှပအောင် အရင်ဆုံးပြင်ဆင်ဖို့လိုပါတယ်။ အသားအရေကိုသန့် စင်ပြီးတိုနာလိမ်းပါ။ ပြီးမှ အသားအရေ အားဖြည့်နိုင်ဖို့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

နေကာခရင်မ် သုံးပါ
နေကာခရင်မ်မလိမ်းဘဲ အိမ်ပြင်မထွက်ပါနဲ့။ ဒီနည်းက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အသားအရေ ကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ မိတ်ကပ်မလိမ်းခင် နေကာခရင်မ်လိမ်းရင် အိုမင်းမှုလက္ခဏာတွေကို သိသိသာသာလျော့ကျစေပါတယ်။

Primer သုံးရန် မမေ့သင့်
Primerသုံးပေးရင် အရေးကြောင်းတွေနဲ့ ပါးရေတွန့်ရာတွေကို ဖုံးအုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် မျက်ဝန်းနဲ့နှုတ်ခမ်းတစ်ဝိုက်က အရေးကြောင်းတွေ ဖုံးနိုင်ဖို့ Primer လိမ်းပါ။ အမျိုးအစားကောင်းတဲ့ Primer က ဖောင်ဒေးရှင်းခရင်မ်ကို ကြာကြာမြဲစေပြီး ချောမွေ့စေပါတယ်။

ကွန်ဆဲလ်လာသုံးပါ
အိုမင်းတဲ့ လက္ခဏာတွေကို ဖုံးအုပ်ဖို့ နောက်လှည့်စားနည်းတစ်ခုက ကွန်ဆဲလ်လာလိမ်းဖို့ပဲ ဖြစ်ပါတယ်။ ထိခိုက်နေတဲ့ အရေပြားနေရာမှာ ကွန်ဆဲလ်လာအစက်အနည်းငယ်တို့ပြီး ချောမွေ့ညီညာအောင်လိမ်းပါ။ အသားအရောင်နဲ့နီးစပ်တဲ့ ကွန်ဆဲလ်လာ ရွေးလိမ်းပါ။

ဖောင်ဒေးရှင်းခရင်မ်ကို မှန်ကန်စွာ လိမ်းပါ
ဆံစပ်ကနေ မေးရိုးအထိ ဖောင်ဒေးရှင်းခရင်မ် မလိမ်းဖြစ်ရင်တောင် နဖူး၊ နှာခေါင်း၊ ပါးပြင်နဲ့ မေးစေ့နေရာတွေပေါ် လိမ်းပေးပါ။ အရေးကြောင်းတွေ ဖုံးအုပ်နိုင်ဖို့ ဖောင်ဒေးရှင်းခရင်မ်ကို ညီညီညာညာ လိမ်းပေးပါ။ နည်းလေ၊ ကောင်းလေဆိုတာ သတိရပါ။

ပါးနီ နည်းနည်း ခြယ်ပါ
အိုမင်းတဲ့ လက္ခဏာတွေကို ဖုံးကွယ်နိုင်မယ့် နောက်နည်းလမ်းတစ်ခုက ပါးနီနည်းနည်းခြယ်ပေးဖို့ပါပဲ။ ပါးပြင်ပေါ်မှာ ပါးနီနည်းနည်းခြယ်ပေးရင် သဘာဝကျကျ တောက်ပနေပါလိမ့်မယ်။

ပေါင်ဒါမှုန့် နည်းနည်းလိမ်းပါ
အမျိုးသမီးအများစုက မိတ်ကပ်လိမ်းပြီးရင် ပေါင်ဒါမှုန့် ခပ်ထူထူ ရိုက်လေ့ရှိပါတယ်။ တကယ်တော့ ပေါင်ဒါမှုန့် ထူလေလေ၊ အရေးကြောင်းနဲ့ ပါးရေတွန့်ရာထဲ နက်နက်ဝင်ပြီး ထင်ရှားလေလေဖြစ်မှာပါ။

အသားအရေ သန့်စင်ပါ
မိတ်ကပ်လိမ်းပြီးတဲ့အခါ အရေးကြီးဆုံးအချက်က အသားအရေကို စနစ်တကျ သန့်စင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းဟာ အိုမင်းမှု လက္ခဏာတွေ ထပ်မံမပေါ်ပေါက်စေဖို့ ကာကွယ်တဲ့နည်းတစ်ခုပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top